အလွမ်းပြေလေး🤎

7.7K 573 30
                                    

"ဘဲကြီး ဘဲကြီးမွေးနေ့က ဘယ်နေ့လဲဟင် "

ပိုင်မြတ်စာအုပ်ဖတ်ရန် တတိယထပ်မှစာအုပ်စင်တွေကြား သူ့အတွက်စာအုပ်ရွေးပေးနေပါသည့် ဘဲကြီးဘေးနားကပ်ကာ သူ့ထပ်ခေါင်းတစ်လုံးမျှပိုရှည်သည့် ဘဲကြီးအား မော့ကြည့်လျက်မေးလိုက်၏။နေ့ခင်းဘက် နေရောင်က ပြတင်းပေါက်မှန်မှတစ်ဆင့် အခန်းထဲခပ်ကျဲကျဲ။

သူ့အမေးနောက် စာအုပ်ရွေးနေသည့် ဘဲကြီးလက်တွေဟာ ခေတ္တခဏရပ်တန့်သွားသည် ။ မျက်ဝန်းပြာတွေကလည်း အနည်းငယ်ရှုပ်ထွေးသွားသလို..ခပ်မှိုင်းမှိုင်းအရောင်ပြောင်းသွားပေမယ့် ခဏတာ..

ပြီးမှ ဘာမှမဖြစ်သလို ဘေးနားရပ်နေသည့် ပိုင်မြတ်ဘက်လှည့်ကာ ခပ်အေးအေးတစ်ချက်ပြုံးရင်း ပုံမှန်အတိုင်း စကားဆို၏။

"5လပိုင်း...3ရက်နေ့လေ..
ဘာဖြစ်လို့လဲ ကောင်လေးရဲ့ "တဲ့..

ပုံမှန်အတိုင်း သူ့အား တစ်ချက်ပြုံးပြပါရင်း စာအုပ်ပြန်ရွေးနေသော ဘဲကြီး။

ဘဲကြီးပုံစံကို သေချာလေးအကဲခတ်ပြီး ဘာမှမဖြစ်တော့မှ ပိုင်မြတ် သက်ပြင်းသဲ့သဲ့ချနိုင်၏။

ထူးဆန်းနေတယ်မှတ်လား...သူတို့တွေ့ဆုံခဲ့တာက တစ်နှစ်ခွဲ.
.လက်ထပ်ပြီးတာက လဝက်..
ထိုနှစ်နှစ်ဆိုတဲ့အချိန်ကာလအတွင်းမှာ..
ဘဲကြီးရဲ့ကောင်လေးပိုင်မြတ်ဟာ ဘဲကြီးမွေးနေ့ကို မသိတဲ့အပြင်
မေးမိတာက အခုမှပါတဲ့..

အားလုံး အတွက်ထူးဆန်းနေလောက်မည်ဖြစ်ပေမယ့်..ပိုင်မြတ်အတွက်တော့ ဘဲကြီးမွေးနေ့ကို မေးရသည့်ကိစ္စဟာ လွယ်သည့်ကိစ္စတစ်ခုမဟုတ်ခဲ့..

မလှပသည့် အတိတ်တွေရှိခဲ့တဲ့ဘဲကြီး..
မိဘမဲ့ကျောင်းမှာ ကြီးပြင်းခဲရတဲ့ဘဲကြီးဟာ..
မွေးနေ့ဆိုတာ ဘယ်နေ့လည်းမှတ်မိပါရဲ့လား..

ကိုယ်သဘောကျရသူတဲ့ မွေးနေ့ဟာ ဘယ်နေ့လဲ
အရမ်းသိချင်ခဲ့ပေမယ့်..

ဘဲကြီးက မသိဘူးလို့ ပြန်ဖြေလာတဲ့အခါ
နာကျင်ရမှာ ဘဲကြီးတစ်ယောက်တည်းမဟုတ်..
ဘဲကြီးရဲ့ ပြန်မရချင်ခဲ့တဲ့မှတ်ဉာဏ်တွေကို
တူးဖော်မိခဲ့တဲ့ သူကိုယ်တိုင်လည်း နာကျင်ရမည်။
ဘဲကြီးဆိုရင်တော့ ဘယ်လောက်တောင် ကိုယ့်ဘဝကို မကျေမနပ်ဖြစ်လိုက်မလဲ..

I'm in love with criminal { completed }Hikayelerin yaşadığı yer. Şimdi keşfedin