19 💙I'm in love with criminal💙
✨Part-19✨မနက်အစောပိုင်းဖြစ်နေ၍ နေရောင်က မြေပြင်ပေါ်မကျရောက်သေး။ကောင်းကင်ကကြည်လင်ကာ တိမ်ကင်းစင်နေ၏။ လူချမ်းသာတွေသာ နေနိုင်ကြသည့် လမ်းမဟာ တိတ်ဆိတ်နေသည်။လူသွားလူလာရှင်းသည့် လမ်းမို့ တိတ်ဆိတ်နေတာက မထူးဆန်းပါချေ။ထိုထဲတွင်NINE စံအိမ်လည်း အပါအ၀င်ဖြစ်၏။
"တီ..."
ကားဟွန်းသံက ကျယ်လောင်စွာထွက်ပေါ်လာသည်။ ခြံရှေ့မှာ ဟွန်းတီးလိုက်သည်မို့ ခြံစောင့်ဟုထင်ရသည့် ဦးလေးကြီးတစ်ယောက်ဟာ အပြေးအလွှားထွက်လာသည်။ ဘယ်သူတွေလဲဟု စူးစမ်းစွာကြည့်နေ၏။ ပိုင်မြတ် ကားမှန်ချကာ ခေါင်းထွက်ပြီးပြောလိုက်သည်။
"ဦးလေး ..ကျွန်တော်ပါ "
သူ့ကိုမြင်လိုက်တော့မှ ခြံစောင့်ဦးလေးကြီးဟာ ပြာပြာသလဲ တံခါးဖွင့်၏။ ပိုင်မြတ်က ဒီကိုလာတိုင်း လမ်းလျှောက် ဒါမှမဟုတ် ဘဲကြီးကားနဲ့သာ လိုက်လာလေ့ရှိတာကြောင့် အခုပိုင်မြတ်ကိုယ်တိုင်ကားမောင်းလာတော့ ကြောင်နေပုံရသည်။ ထူးပြည့်ရောမာန်ထည်ရောလိုက်လာသည်မို့ ထူးပြည့်ကားကို သူအပိုင်စီးလာတာဖြစ်၏။
ခြံစောင့် ဦးလေးကြီးကို ပြုံးပြကာ ခြံထဲမောင်း၀င်လာခဲ့၏။ ၈နာရီသာရှိသေးသည့်အချိန်ကြောင့် အိမ်မှာဘဲကြီးရှိမနေမှာ သူသိပါသည်။
ပိုင်မြတ်ကားပေါ်ကဆင်းပါရင်း သူ့သူငယ်ချင်းတွေအား အိမ်ထဲ၀င်လာကြရန်ခေါ်လိုက်၏။ သူကအိမ်ရှင်ဆိုတော့လည်း ခန့်ညားလှသည့် အိမ်ကြီးထဲ သူကပဲ ဦးဆောင်၀င်သွားလိုက်သည်။"ဝါး..."
အိမ်တစ်အိမ်လုံးအား အံ့သြတကြီး လှည့်ပတ်ကြည့်နေပါသော ထိုနှစ်ကောင်။ စျေးကြီးပြီးလှပသည့် ပစ္စည်းတွေကို ကိုင်ကြည့်ကာ စူးစမ်းနေကြ၏။ ပိုင်မြတ်ပြုံးမိသွားသည်။ ပိုင်မြတ်တုန်းကလည်း ဒီလိုအံ့သြခဲ့ရတာပဲ မဟုတ်လား။ သူသိပ်ချစ်ရတဲ့ ဘဲကြီးရဲ့ပိုင်ဆိုင်မှုတွေက ခန့်မှန်းလို့ရတာမှ မဟုတ်ပါပဲ ။ ခြေချလိုက်တဲ့ နေရာတိုင်းဟာ ပိုင်ဆိုင်မှုဖြစ်နေသည်အထိ ဘဲကြီးက ချမ်းသာပါသည်။
YOU ARE READING
I'm in love with criminal { completed }