8 💙I'm in love with criminal💙
✨Part-8✨"First date"
NINE အိမ်ပြန်ရောက်ရောက်ချင်း အရမ်းပင်ပန်းနေသည်မို့ အနည်းငယ် မွန်းကြပ်စေသော necktie အား ဖြေလျော့လိုက်၏။ ခြံထဲမှ ကားထွက်သံကြားလိုက်ရတာကြောင့် ဟန်မင်းဉီး ပြန်သွားပြီဆိုတာသိလိုက်သည်။
ဆိုဖာပေါ်အနည်းငယ်မှီထိုင်ကာ အနားယူလိုက်သည်။မျက်လုံးကို မှိတ်ထားပါရင်း အပန်းဖြေမိတော့ စိတ်ရှုပ်မှုတို့က အနည်းငယ်ပြေပျောက်သွား၏။ နေမင်းရဲ့ အနည်းငယ်မှောင်ရီစပျိုးချိန်မှာ တိတ်ဆိတ်နေသည့်အိမ်ကြီးက မီးမထွန်းထား၍ မှောင်မဲနေသည်။
မိနစ်အနည်းငယ်မှ ထိုင်နေပါရင်း ဒီတိုင်းနေလို့လဲမပြီးတာမို့ ရေချိုးကာ အပေါ်ထပ်မှာပဲ အနားယူရန်ပြင်လိုက်၏။ ဒီနေ့အတွက်တော့ သူ့ခန္တာကိုယ်အား အနားပေးချင်နေပြီဖြစ်သည်။
"Ringing.."
ဘောင်းဘီအိတ်ထဲမှ သဲ့သဲ့ကြားသည့်ဖုန်းသံကြောင့် NINE ထရန်ပြင်နေရာမှ ပြန်ထိုင်လိုက်ရ၏။ ဖုန်းအားထုတ်ကာ ကြည့်လိုက်တော့ ကောင်လေးဆိုသော screen ပေါ်မှ နာမည်ကြောင့် NINE မျက်ခုံးပင့်တက်သွားတယ်။ answerကို နှိပ်ကာ ပြန်ဖြေလိုက်၏။ တစ်ခါမှ ဒီအချိန်ဖုန်းမခေါ်ဖူးပါပဲ။
"ဘဲကြီး ဒီညအားလား..
ကျွန်တော် ခင်ဗျားနဲ့ dateချင်လို့.."ဖုန်းထဲမှ ကြားလိုက်ရသည့် တက်တက်ကြွကြွစကားသံ။ မနေ့ကမှ တွဲဖြစ်ကြသည့် ဆက်ဆံရေးမှာ ဒီနေ့ date လုပ်တယ်ဆိုတာ လုပ်ထုံးလုပ်နည်းလား သူမသိ။
"ကိုယ်..."
"ဘဲကြီးကလည်း စဉ်းစားမနေပါနဲ့။ ည၇နာရီတွေ့ကြမယ်နော်။ ကျွန်တော်နေရာပို့လိုက်မယ်။ အဲ့ဒါဆိုတာ့တာ"
ပြောကာ ချက်ချင်းဖုန်းချသွားသည့် ကောင်လေးကြောင့် သူသက်ပြင်းသဲ့သဲ့ချလိုက်မိ၏။ ဘာ့ကြောင့် သူ့အဖြေကို မစောင့်ပါပဲဖုန်းချလိုက်သလဲ။ လူကပင်ပန်းနေပြီဖြစ်ပေမယ့် အခုသူထပ်သွားရဉီးမည်။ ကောင်လေးကို စိတ်ရှုပ်တာမျိုးမဟုတ်ပေမယ့် အခုချိန်သူဘယ်မှသွားချင်နေပါ။
ဖုန်းအား အိတ်ကပ်ထဲပြန်ထည့်ပါရင်း အပေါ်ထပ်သို့သာ ရေချိုးရန်တက်ခဲ့မိ၏။မသွားချင်ဘူးဟုဆိုနေပေမယ့် စိတ်ထဲက အနည်းငယ်သွားချင်နေတာတော့ သူဝန်ခံရမည်။ဒီလိုတဇွတ်ထိုးဆန်ပြီး စကားနားမထောင်သည့် ကောင်လေးကို ဘာလို့တွဲခဲ့လည်း သူ့ကိုယ်သူမသိ။ သေချာတစ်ခုကတော့ ထိုကောင်လေးက စိတ်ဝင်စားဖို့ကောင်းကာ သူ့စိတ်ကိုကြည်လင်စေသည်။
YOU ARE READING
I'm in love with criminal { completed }