28 💙I'm in love with criminal💙
✨Part-28✨သူ့နာမည်က မင်းမာန်တဲ့ ..
လူအများကတော့ သူ့ကို Night clubပိုင်ရှင် တစ်ယောက်အဖြစ်သိကြတယ်။ အနေအေးပြီး နွေးထွေးတဲ့အပြုံးပိုင်ရှင် ယောက်ျားသားတစ်ယောက်အဖြစ်ပေါ့။သူ့ဘ၀အကြောင်းကိုပြောပြမယ်။ အဓိကပြောချင်တာကတော့ အချစ်အကြောင်းပေါ့..
အချစ်ဦးလို့ပဲဆိုဆို အချစ်ဆုံးလို့ပဲဆိုဆို အဓိပ္ပါယ်ကောက်လို့ရသည့် အချစ်ရဆုံး ကောင်လေးတစ်ယောက်ကို သူ၁၃နှစ်အရွယ်မှာ တွေ့ရှိခဲ့တယ်။ အနည်းငယ် ညစ်နွမ်းတဲ့ အင်္ကျီအား၀တ်၀င်ထားပြီး တိုက်အမြင့်တစ်ခုပေါ်က ခုန်ချဖို့ လုပ်နေတဲ့ ကောင်လေးတစ်ယောက်။
ဘယ်သူ့ရဲ့ သေရေးရှင်ရေးကိစ္စကိုမှ သူ၀င်မစွက်ဖက်တတ်ပေမယ့် ထိုကောင်လေးကိုတော့ သူကယ်တင်ပေးခဲ့တာက သူ့ရဲ့ကိုယ်ချင်းစာတရားကြောင့်မဟုတ်ဘူးဆိုတာ သေချာတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ။ သူအဲ့နေ့က အဖေဆူလို့ဆိုပြီး တိုက်ခေါင်မိုးကိုလာခဲ့လို့ ကောင်လေးကို ကယ်တယ်ခဲ့နိုင်တာ ။ မဆီမဆိုင် အဲ့အချိန်က အဖေ့ကို ကျေးဇူးတင်မိသွားသေးတယ် ။နောက်ဖြစ်လာမှာတွေ ကြိုမသိဘဲနဲ့ပေါ့..
နွေးထွေးတဲ့ အပြုံးတွေ လက်ဆောင်ပေးခဲ့တဲ့အပြင် ၊ လုံခြုံတဲ့ နေရာတစ်ခုကိုလည်း ပေးခွင့်ရလို့ သူသိပ်ကျေနပ်ခဲ့တယ်။ ဘ၀ရဲ့ ပျော်ရွှင်ခြင်းလေးက သူ့ကိုခေါ်တာ အစ်ကိုတဲ့...
အဲ့လိုခေါ်တဲ့ အချိန်ဆို သူသိပ်သဘောကျတာပဲ ..ဒါပေမယ့် ပျော်ရွှင်ခြင်းတွေက မကြာပါဘူး။ ၄နှစ်လောက်အတူနေခဲ့ရတဲ့ ခံစားချက်တွေကို အဖေ့ရဲ့အမိန့်တစ်ခုနဲ့ ရက်ရက်စက်စက် ဖြတ်တောက်ပစ်ခဲ့တယ်။ ကောင်လေးကို တစ်ခြားသူဆီရောင်းတော့ပါမယ်တဲ့ ..
ဒုစရိုက်လုပ်ငန်းတွေကို ပျော်မွေ့တဲ့ အဖေဟာ အကြင်နာတရားမရှိဘူး။ ငယ်သေးတာလည်းဖြစ်ကာ ဘာအာဏာမှမရှိသေးတဲ့ သူ့အတွက် အဖေ့စကားအတိုင်း ကိုးကို မရောင်းစားဘဲ သူတို့ clubမှာပဲ အလုပ်လုပ်စေဖို့ အကြိမ်ကြိမ်တောင်းပန်ခဲ့ရတယ်။
ESTÁS LEYENDO
I'm in love with criminal { completed }