38end 💙I'm in love with criminal💙
✨Special part✨"မင်းက လူရောဟုတ်သေးရဲ့လားဟင် ..ကောင်လေး"
"ဟင့်အင်း..ကျွန်တော်က ဘဲကြီးရဲ့ ခွေးပေါက်လေးလေ "
စိတ်ပေါက်ပေါက်နဲ့ သူ့အမေးအား မျက်တောင်လေးခတ်ကာ ပြန်ဖြေလာတော့ ပြုံးမိသည်က သူ။ ဒီကောင်လေးနဲ့တော့ ဘယ်လိုလုပ်ရပါ့မလဲ ။ အလုပ်လုပ်နေပါသည့် သူ့ပေါင်ပေါ် မျက်နှာချင်းဆိုင်တက်ထိုင်ကာ သူ့လည်ပင်းနားတစ်၀ိုက်နေရာလပ်မကျန်အောင်ကိုက်နေသည်။
လူကသေးသလောက် သွားကလည်းသေးသည်။ ယုန်သွားလေးတွေနဲ့ကိုက်တာ တကယ်ကိုနာ၏။ တစ်ခါတစ်ခါဆို ကိုက်ရုံတင်မဟုတ်ဘူး ။ ငုံပါငုံထားတတ်တယ် ။ ပြီးတော့ပြောပါသေးတယ်။
"ကျွန်တော်က ဘဲကြီးတစ်ကိုယ်လုံးကို မျိုချထားချင်တာ"ပါတဲ့..ဘယ်လောက်တောင်ချစ်စရာကောင်းတဲ့ ကောင်ဆိုးလေးလဲ ။ ချစ်မ၀ဘူးဆိုတဲ့စကားက ဒီကောင်လေးနဲ့မှ ဖြစ်တည်လာရတယ်။ ကြည့်လေကြည့်လေ ပိုချစ်မိလေပါပဲ ။
"ကောင်လေး ..မင်္ဂလာပွဲအတွက် ဘယ်လိုစီစဥ်ထားလဲ "
သူမေးလိုက်တော့ သူ့လည်ပင်းအားဖက်တွယ်ထားသည့် ကောင်ငယ်လေးက အခုမှသတိရဟန်။
"ဟုတ်သားပဲ ။ အဲ့ဒါဘဲကြီးကိုပြမလို့..ကျွန်တော် မင်္ဂလာ၀တ်စုံတွေ့ထားတယ် "
"ဟုတ်လား။ ကိုယ့်ကိုပြပါဦး "
"အင်း..ဖုန်းသွားယူလိုက်ဦးမယ် "
ပြောကာ သူ့ပေါင်ပေါ်မှဆင်းသွားပါပြီး စားပွဲပေါ်တွင်ရှိနေသာ ဖုန်းအားယူလာသည်။ အိပ်နေရင် အင်္ကျီ၀မ်းဆက်အနီရောင်ကို၀တ်ထားသည့် ကောင်လေးဟာ ဖြူဖွေးသည့် အသားအရည်နှင့် သိပ်ကိုလိုက်ဖက်နေသည်။
"ဘဲကြီး ဒီမှာ ..."
သူထိုင်နေသော ခုံနားရပ်ကာ ဖုန်းထဲက ဓာတ်ပုံတစ်ပုံအားပြနေသည့် ကောင်လေးကြောင့် သူကြည့်လိုက်၏။ မြင်လိုက်ရသည့် မြင်ကွင်းဟာ သူ့ကိုကြက်သေသေသွားစေသည်။ ဒါက..
သူဘာကြီးလဲဆိုသော အကြည့်ဖြင့် ကောင်လေးအား မော့ကြည့်လိုက်တော့ ကောင်လေးကသူ့အား ပြုံးပြသည်။ လုပ်ချင်တာလုပ်လိုက်ရလို့ ပျော်ရွှင်နေတဲ့ အပြုံးမျိုး။ သူ့မှာသာ စိတ်ညစ်သွားရ၏။ ကောင်လေးဟာတကယ်ကြီးလုပ်ချတော့မှာပါလား။
VOCÊ ESTÁ LENDO
I'm in love with criminal { completed }