12 I'm in love with criminal
Part-12တိတ်ဆိတ်နေသည့် ကျောင်းခန်းက ဆရာမထွက်သွားသည်နှင့် ဆူညံလာသည်။ အတန်းချိန်ပြီးသွားပြီမို့ အတော်များများက အတန်းထဲမှ ထွက်ကုန်ကြ၏။ ကျောင်းမှာစာလုပ်ကျန်ခဲ့မည့် သူအချို့သာရှိတော့သည်။
"ဟျောင် မိုးနိုင်လင်း ငါ့ဒီနှစ်ကို အောင်အောင်ဖြေတော့မလို့ ။ မင်းကူညီပေးမလား"
မယုံနိုင်စရာ ကြားလိုက်ရသည့် စကားတွေကြောင့် သူဘေးမှာထိုင်နေသည့် ပိုင်မြတ်အား တအံ့တသြကြည့်မိ၏။ မနက်တည်းကအစောကြီးကျောင်းလာပါပြီး အတန်းတက်နေသည်။ စာတွေကိုလည်း သေချာလိုက်မှတ်နေတာ ။ အခုသူ့ကို ပြောသည်က အောင်အောင်ဖြေတော့မလို့တဲ့။ ဘာစိတ်ကူးတွေပေါက်လာလဲမသိ။
"မင်း...တကယ်ပြောနေတာလား"
"ငါနောက်နေတဲ့ပုံစံပေါက်လို့လား"
မယုံနိုင်စွာ သူ့ရဲ့အမေးအား ပိုင်မြတ်က မျက်မှောင်ကြုတ်ပါရင်း အမေးနှင့်သာ ပြန်တုန့်ပြန်သည်။ သူ့မှာသာ အံသြ၀မ်းသာဖြစ်သွားရ၏။ နှစ်စကတည်းက သူစာကြိုးစာဖို့ ဘေးက တစ်တွတ်တွတ်ပြောတာကို တစ်ချက်လေးပင် လှည့်မကြည့်သည့်သူက အခုမှ စာပြန်လုပ်မည်တဲ့ ။ ဘာပဲဖြစ်ဖြစ် သူက ပိုင်မြတ်ကို ကောင်းစေချင်တဲ့သူတစ်ယောက်မို့ ဘာ့ကြောင့်ပဲ ဖြစ်နေပါစေ သူပျော်ရွှင်ရသည်။
"အင်း..အင်း ငါမှတ်စုတွေပြမယ်လေ။ မင်းက ဉာဏ်ကောင်းတော့ နည်းနည်းရှင်းပြရုံနဲ့ရမှာပါ ။ မနက်ဖြန်မင်းအတွက် noteတစ်အုပ်ယူလာခဲ့မယ်။ "
"အေး..အဲ့ဒါဆို ငါသွားပြီ "
သူလိုချင်တာရသည်နှင့် သူ့အား တစ်ချက်မှမကြည့်ကာ ထွက်သွားပါသော ချစ်ရပါသောအား မျက်စိတစ်ဆုံးလိုက်ကြည့်နေမိ၏။သူ့နှုတ်ခမ်းတွေဟာ ပြုံးနေလိမ့်မည်။ အမြဲတမ်း လိုမှလာသုံးတတ်သည်ကို သိသော်လည်း အဲ့ဒီ့ပိုင်မြတ်လိုအပ်နေတဲ့ အချိန်အတိုင်းအတာလေးကိုပင် သူကြည်နူးပျော်ရွှင်မိသည်။
၀ဋ်ကြွေးတစ်ခုလို့ သူမသတ္မွတ္ခ်င္ပါဘူး။ တကယ္လို႔ ၀ဋ်ကြွေးဖြစ်ခဲ့ရင်တောင် ပိုင်မြတ်ဟာ သူ့ဘ၀အတွက်လှပတဲ့ ၀ဋ်ကြွေးလေးပေါ့။မဖမ်းဆုပ်နိုင်ခဲ့ရင်တောင် ငေးကြည့်နေရသည့် ခံစားချက်လေးကို သူနှစ်သက်သည်။
YOU ARE READING
I'm in love with criminal { completed }