Part-36

14.8K 1.3K 115
                                    

36 💙I'm in love with criminal💙
        ✨Part- 36✨

"သူက ငါ့အချစ်ဦးလေ.."

"အချစ်ဦး "

ပိုင်မြတ်နဲ့သျှမ်းအသံက တူညီစွာထွက်လာသလို ဘဲကြီးနှင့် ကောင်းလွန်းရဲ့အချစ်ဦးဆိုသော အသံကျယ်ကျယ်ကလည်း ပြိုင်တူထွက်လာကြပါ၏။NINE မျက်မှောင်ကြုတ်ကာ ဘေးနားမှ ထိုင်နေသော ကောင်လေးအား ကြည့်လိုက်သည်။

ကောင်လေးကတော့ သူ့အားကြည့်မနေပါ။ အချစ်ဦးဆိုသည့် ကောင်ကိုသာကြည့်နေသည်။

"သျှမ်း ကိုပိုင်ကမင်းရဲ့အချစ်ဦးဟုတ်လား"

"အင်း  ..ပိုင်မြတ်က ကိုယ့်ရဲ့အချစ်ဦးလေ ..သူ့ကြောင့်ကိုယ်ဟာ gayတစ်ယောက်ဆိုတာသိလာရတာ"

"ငါရောပဲ ..မင်းကြောင့် ယောက်ျားတွေကိုကြိုက်ပါလားဆိုတာ သိလာရတာ "

ကောင်းလွန်းရဲ့ အလိုမကျစွာ အမေးအား သျှမ်းကတော့ အေးအေးဆေးဆေးသာပြန်ဖြေနေသည်။တစ်လက်စတည်း ကိုပိုင်ကပါ အတိုင်ပေါက်ညီ၀င်ပြောနေသေး၏။ ကောင်းလွန်းသာမက NINEဆိုသည့် လူကြီးရဲ့မျက်လုံးမှာလည်း ဒေါသတွေမြင်နေရသည်။

"သျှမ်း ဒါငါရဲ့ချစ်သူ NINEတဲ့ ..."

"အင်း ...တွေ့ရတာ၀မ်းသာပါတယ်"

စားပွဲပေါ်မှတစ်ဆင့် လက်ကမ်းလာသည့် လူအား လက်ဆွဲနှုတ်ဆက်ရန် NINEလက်တွေကို ပေးလိုက်သည်။ အားပါပါဆွဲညစ်လိုက်သည်မို့ သျှမ်းဆိုသည့်သူက အနည်းငယ်ရှုံ့မဲ့သွားသည်။ သူကဒီလိုအကျင့်မကောင်း၊ကလေးဆန်တဲ့သူတစ်ယောက်မဟုတ်ပေမယ့် ကောင်လေးနဲ့ပတ်သတ်လာရင်တော့ ဗီလိန်လည်းသူလုပ်နိုင်ပါသည်။

"ဒါကတော့ မင်းတို့သိတယ်မှတ်လား ။ ငါ့ရဲ့ချစ်ရသူလေး"

"အင်း...ဒါနဲ့လေ မင်းမြန်မာပြည်ကိုဘယ်လိုပြန်ရောက်လာတာလဲ ။ ငါကိုဖုန်းလေးဘာလေးတောင်မဆက်ဘူး"

ကောင်လေးရဲ့အချီလိုက်တဲ့စကားတစ်ခွန်းဟာ မပြီးနိုင်တဲ့ဇာတ်လမ်းရှည်ကြီးကိုဖြစ်ပေါ်သွားစေ၏။ တရင်းတနှီးစကားပြောနေကြတဲ့ လူနှစ်ယောက်မှာကျန်သူနှစ်ယောက်က တိတ်ဆိတ်စွာသာထိုင်နေ၏။အခုက ဘယ်လိုအခြေအနေမျိုးကြီးလဲ ။

I'm in love with criminal { completed }Where stories live. Discover now