အပိုင်း -23 ဖတ်ပြီးသွားတဲ့ အသည်းလေးတွေရေ..
ဖတ်ရတာဘယ်လိုနေလဲဟင်။
အဆင်ပြေရဲ့လား။
သိပ်အဆင်မပြေတဲ့ဘက်ရောက်နေလား။ဘဲကြီးကို ကောင်လေးက ကြောက်သွားတယ်ဆိုပေမယ့်
ရုတ်တရက်ကြီးမို့လို့ ဖြစ်သွားတာပါ။သူစိတ်ပြန်တည်ငြိမ်သွားတော့ ဘဲကြီးဘက်ပဲ
ပြန်ရောက်သွားတယ်။ပိုင်မြတ်က ယောက်ျားလေးဖြစ်ပြီး
စွန့်စားရတာ ကြိုက်တဲ့သူဖြစ်တာမို့
သူ့ကိုဒုက္ခရောက်တဲ့သူကို ဘဲကြီးသတ်လိုက်တာက
သူ့အတွက် အသစ်အဆန်းတစ်ခုမြင်လိုက်ရသလိုပဲ ။ပြီးတော့သူကိုယ်တိုင်ကလည်း သိပ်ပြီးစိတ်ထားကောင်းနေတဲ့သူမဟုတ်ဘူးလေ။
ဘဲကြီးက ဘာလို့သွေးအေးအေးနဲ့ သတ်နိုင်ရလဲဆိုတဲ့
အကြောင်းပြချက်ကို သူမသိသေးပေမယ့်
ဘဲကြီးကို သူယုံကြည်နေတယ်။
ဘာအကြောင်းဖြစ်ဖြစ် သူလက်ခံနိုင်လိမ့်မယ်ဆိုတဲ့သဘောမျိုးပေါ့..အဲ့ဒါကတော့ ချစ်မြတ်နိုးခြင်းက ဖြစ်တည်လာတဲ့
တစ်ဦးပေါ်တစ်ဦး ယုံကြည်ခြင်းလို့ပြောရမလားပဲ ။
အပြစ်ရှိတဲ့စိတ်လည်း မဖြစ်သလို ဘဲကြီးကိုလည်း အပြစ်မတင်မိဘူး။ဘဲကြီးက သတ်လိုက်တဲ့အတွက် သူဟာ သေသင့်တဲ့သူဖြစ်နေလို့ပဲလို့
သူ့စိတ်က ယုံကြည်နေတယ်။
တကယ်လို့ မထင်မှတ်တာတွေဖြစ်လာရင်တောင်မှ
ချစ်မိသွားမှတော့ ဘယ်လိုလုပ်ရပါ့မလဲ ။ဘဲကြီးဆိုတဲ့ ဖြစ်တည်မှုကိုပဲ ချစ်မိခဲ့တာမို့
ကောင်းခြင်း ၊ ဆိုးခြင်းတွေ အကုန်လက်ခံနိုင်ဖို့ သူပြင်ဆင်ထားတယ်။ဘယ်လောက်ပဲ သွေးအေးပြီးရက်စက်နေပါစေ ဘဲကြီးကသူ့ကိုတောဘ တစ်စက်လေးတောင် ထိခိုက်အောင် လုပ်မှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ကောင်းတာတွေကို သူလက်ခံပြီးပြီဆိုတော့ ဆိုးတာတွေလည်း သူလက်ခံပေးနိုင်ရမှာပေါ့။
အဲ့ဒါက အတင်းလုပ်ယူထားတဲ့ လက်ခံခြင်းမျိုးမဟုတ်ဘဲ
ဘဲကြီးဖြစ်နေလို့ကို စိတ်ထဲက အလိုလို နားလည်ပေးနေခြင်းမျိုး။
ESTÁS LEYENDO
I'm in love with criminal { completed }