Part-4

23K 2.2K 20
                                    

4 💙I'm in love with criminal💙
          ✨Part-4✨

တစ်ဆစ်ဆစ်ထိုးကိုက်နေသော ခေါင်းကြောင့် ပိုင်မြတ် အိပ်မရကာ နိုးလာရ၏။ ခံစားလိုက်ရသည်က သူ့အိမ်လို ခပ်ကြမ်းကြမ်းမွေ့ယာတစ်ခုမဟုတ်ပဲ အိစက်နေသည့် မွေ့ယာတစ်ခုရဲ့ အထိအတွေ့။ မျက်လုံးတို့အားဖွင့်ကြည့်မိတော့ မရင်းနှီးသည့် မျက်နှာကြက်အဖြူက ဆီးကြိုနေ၏။ သူကြောင်သွားကာ ကုတင်ပေါ်က ကုန်းရုန်းထမိသည်။

ဘေးဘီကို စူးစမ်းကာ ကြည့်လိုက်မိသည်။ သူရောက်နေတာ ခေတ်မီ တန်ဖိုးကြီး ပရိဘောဂတြွေဖင့် ပြင်ဆင်ထားသော အခန်းတစ်ခု။ အခြေအနေအား နားမလည်နေရင်း မနေ့ညက အဖြစ်အပျက်တို့က သူ့ခေါင်းထဲအစီအရီဝင်လာ၏။

ကိုက်ခဲနေသည့် ခေါင်းကြောင့် သူ့မှာအတော်စဉ်းစားယူနေရသည်။သူမနေ့က ဟိုကောင်တွေ ခေါ်လို့ clubကိုလိုက်သွားမိသည်။ အရက်ကြိုက်လွန်းသည့် သူက ထုံးစံအတိုင်း မူးကွဲနေအောက်သောက်ပြီး မှောက်သွားခဲ့သည်။ clubမှာဖြစ်ခဲ့သည့်အဖြစ်အပျက်တို့အား သူမှတ်မိသည်က ထိုမျှပင်ဖြစ်၏။

ပြီးတော့ မနေ့ကရက်စွဲနဲ့ပဲ မှတ်ဉာဏ်နောက်တစ်ခု။ ကားပေါ်တွင် အိပ်နေသော သူ့ကို ဘဲကြီး လှုပ်နှိုး၏။ တွဲခေါ်ကာ အိမ်ထဲဝင်ရန်ဆိုနေသည်။မှတ်မိလာသည့် ထိုအခြေအနေကြောင့် ပိုင်မြတ်မျက်လုံးပြူးသွားရ၏။ ဘယ်လိုလုပ် ..ဘယ်လိုလုပ် ဘဲကြီးက သူ့မှတ်ဉာဏ်ထဲပါလာရသည်ည်လဲ ။  အိမ်ထဲဝင်ရန် နှိုးလိုက်ခြင်းက တစ်ခြားသူသာဆို အဆင်ပြေမှာဖြစ်ပေမယ့် သူ့အတွက်တော့ အဲ့မှာဇာတ်လမ်းကစတာပဲ။

သူက မူးရင် သူများနှင့်မတူ။ အမူးသောက်သည်။ မှောက်သွားသည်။ ထိုမှောက်သွားသည့် အချိန်မှစ၍ သူ့ကိုဘယ်သူမှ လာမနှိုးလျှင် သူထိုအတိုင်းသာ မနက်လင်းသည်အထိ နှစ်ခြိုက်စွာ အိပ်ပျော်လိမ့်မည်ဖြစ်သည်။ သို့ပေမယ့် ထိုနေရာမှာ သူ့ကိုနှိုးလိုက်လျှင်တော့ သူဟာ သေအောင်ရစ်တော့၏။လုပ်ချင်တာတွေ လျှောက်လုပ်သည် ။  အဲ့ဒီ့လူတစ်ညလုံး အိပ်ရတော့မည်မဟုတ်ပါ။

မနေ့က ဘဲကြီးက ပွေ့ချီကာ သူ့အားအခန်းထဲခေါ်သည်ကို သူကောင်းကောင်းကြီးမှတ်မိနေသည်။ ဘာ့ကြောင့်လဲဆိုတော့ တွဲခေါ်မည်ဆိုတာကို မရပါဘဲ ချီမှမသွားရင် အိမ်ထဲမ၀င်ဘူးဟုဆိုကာ ထိုင်ငိုနေသော သူ့ကြောင့်ပါပင်။ သူ့မှာ တဖြည်းဖြည်းမှတ်မိလာရရင်းပင် တံတွေးမျိုချမိ၏။ ဘာတွေဘယ်လောက်တောင်လုပ်ခဲ့သည်လဲ ..

I'm in love with criminal { completed }Where stories live. Discover now