7 💙I'm in love with criminal💙
✨Part-7✨"ဘဲကြီး .."
shopping mallထဲ လူတစ်ယောက်နှင့်အတူ တွေ့လိုက်ရသော ရင်းနှီးနေသည့် နောက်ကျောကြောင့် သူသေချာသွားအောင် လှမ်းခေါ်မိလိုက်သည်။ နောက်လှည့်ကြည့်ပါသော ဘဲကြီးက သူ့ကိုတွေ့တော့ မျက်ခုံးတွေပင့်တက်သွားပြန်၏။ မထင်မှတ်ပဲ ဆုံမိသွားတိုင်း အံ့သြသွားသည့် ဒီမျက်ဝန်းတွေကို သူသိပ်ကြိုက်သည်။
အနည်းငယ်လှမ်းနေသည့် အနေအထားမို့ သူပြေးကာ ဘဲကြီးဆီသို့ သွားလိုက်သည်။ ဘေးမှ ယောက်ျားသားကို အကဲခတ်ကြည့်တော့ လက်ထဲကဖိုင်တစ်ခုနှင့် သန့်သန့်ပြန့်ပြန်ဝတ်စားထားသည်။ ဘဲကြီးရဲ့ အတွင်းရေးမှူးဖြစ်ဟန်တူ၏။
"ဘဲကြီး ဘယ်လာတာလဲ "
နက်ပြာရောင်အနောက်တိုင်းဝတ်စုံဖြင့် ဘောင်းဘီအိတ်ထဲလက်ထည့်ကာ စတိုင်ကျစွာရပ်နေသော ဘဲကြီးအား သူမေးလိုက်သည်။ ဘဲကြီးလိုလူမျိုးတစ်ယောက်က သူသုံးဖို့ shopping လာထွက်တာတော့ မဟုတ်တာသေချာ၏။
"သြော်..ဒီမှာ ကိုယ့်ရုံးချုပ်ရှိတယ်လေ။ အလုပ်လေးရှိလို့လာတာ။ ကောင်လေးကရော ဈေးလာဝယ်တာလား"
ပြန်မေးဖော်ရသေးသည့် ဘဲကြီးကြောင့် ပိုင်မြတ်ပြုံးမိသွားသည်။ မနက်က ကော်ဖီဆိုင်မှာတွေ့ခဲ့တာတောင် လွမ်းနေသေးတာမို့ ဒီဘဲကြီးကို သူမထင်မှတ်ပဲတွေ့လိုက်ရတော့ အတော်ပျော်သွားခဲ့တာ။ အမြဲတမ်းစကားနည်းသည်ကိုသိသော်လည်း သူ့ကိုအနည်းငယ်တောင်ပြန်မေးဖော်မရရင် ၀မ်းနည်းသွားမိမှာအမှန်။
တစ်ခါတစ်လေ ပိုင်မြတ်ဟာ ဒီလိုလည်း ကလေးဆန်တတ်ပါသေး၏။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်သဘောကျနေတဲ့သူဆီကတော့ အာရုံစိုက်မှုလိုချင်ကြတာပဲလေ။
"အင်း။။ကျွန်တော်လည်း သူငယ်ချင်းတွေနဲ့လာတာလေ။ အဲ့ဒါဆို ကျွန်တော်သွားပြီနော်။ ဘဲကြီးအလုပ်ရှိသေးတယ်ထင်တယ်"
"ဟုတ်ပါပြီ"
ပိုင်မြတ် နှုတ်ဆက်လိုက်ပါရင်း ထွက်လာခဲ့၏။ မိတ်တွေဆွေလား ၊ အတွဲတွေလား သေချာမသိသည့် သူတို့ဆက်ဆံရေးဟာ အဆင်ပြေနေပါသည်။ ဟိုတစ်နေ့က လမ်းကြားမှာ ဘဲကြီးနဲ့ သူနဲ့နမ်းဖြစ်ကြပေမယ့် ထိုကိစ္စက ထိုနေရာတွင်သာပြီး၏။နှစ်ဉီးသဘောတူဖြစ်တည်ခဲ့တဲ့ ထိုအနမ်းကို နှစ်ယောက်သားလုံး အထွေအထူး စကားလုပ်ပြီးပြောမနေတော့ပါချေ။ ပြီးတော့ သူဟာ အဲ့နေ့ကအနည်းမူးကာ ညစ်နေသေးသည်။
YOU ARE READING
I'm in love with criminal { completed }