Part-27

15.7K 1.4K 37
                                    

27 💙I'm in love with criminal💙
        ✨Part-27✨

"မေမေ့.."

မီးဖိုချောင်ထဲမှာ ချက်ပြုတ်နေသည့် အမေ့အား ခေါ်ကာ အနောက်မှခါးကိုလှမ်းဖက်လိုက်၏။ အမေက နောက်လှည့်ကြည့်လျက်သူ့အား "လာမရှုပ်နဲ့"ဟု မျက်စောင်းလေးထိုးကာ ဆိုသည်။ အသက်၅၀အရွယ် ကျွန်တော့်အမေက နုပျိုကာ လှပနေဆဲဖြစ်၏။

ရရှိသည့် ဟင်းရနံ့မွှေးမွှေးကြောင့် ပိုင်မြတ် ဗိုက်တောင်ဆာသွားရသည်။

"မေမေ့ ကျွန်တော့်ကို ဟင်းချက်နည်းသင်ပေးပါလား"

သူ့စကားဆုံးတော့ အမေဟာ အံသြတကြီးနောက်လှည့်ကြည်သည်။ ဘာတွေအရူးထလာပြန်ပြီလဲ ဆိုတဲ့သဘော ။ သူကတော့ သူ့အကြံစည်နဲ့သူမို့ အမေ့ကိုသာ "ဟီး " ကနဲပြုံးပြလိုက်၏ ။

ဟင်းမွှေနေသည့် ယောင်းမရဲ့ လက်ကိုင်က သူ့ခေါင်းပေါ်ရောက်လာသည်။ ပိုင်မြတ်စူပုပ်သွားရ၏။ သူတကယ်သင်ချင်တဲ့ဟာကို မရှုပ်နဲ့လို့ပဲ ပြောနေသည်။

"မေမေ့ ကျွန်တော် တကယ်သင်ချင်တာ ၊ ကြက်သား အစပ်ဘယ်လိုချက်ရလဲ သင်ပေးပါနော်"

"အမယ်လေ ..ဘုရားတော့ ပွင့်ရပါချည်ရဲ့ ။ တစ်သက်လုံး မီးဖိုချောင်ဘက်ခြေဦးမလှည့်တဲ့ ငါ့သားက ဟင်းချက်မလို့တဲ့ .."

အမေက ရင်ဘတ်အား လက်နဲ့ဖိလျက်ဆိုကာ သူ့အား ဂရုမစိုက်ပါဘဲ စားပွဲပေါ်တင်ထားသည့် ကန်စွန်းရွက်အား ထိုင်ခြွေနေ၏။ သူ့မှာသာ သင်ချင်နေတဲ့သူမို့ အမေ့အနောက် တကောက်ကောက်လိုက်ရသည်။

"နော်..မေမေ့ ။ ကျွန်တော့်ကိုသင်ပေးနော်"

"ဘာလဲ ။ သားချစ်သူကို ချက်ကျွေးချင်လို့လား"

ချက်ဆို နားကွက်က မီးတောက်တဲ့အမေက သူခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် ဘာကိုဦးတည်သလဲ ချက်ချင်းသိသည်။ သူလည်း မထူးတော့သည်မို့ သင်ပေးရန်သာ မျက်နှာချိုသွေးရတော့၏။  ဟင်းချက်တာ လုံး၀၀ါသနာမပါပေမယ့် ဘဲကြီးအတွက်မို့ သူကြိုးစားကြည့်ချင်၏။

"အင်း..သားချစ်သူကို အိမ်အလည်ခေါ်ပါဦး ။ ထမင်းစားဖိတ်ရအောင်လို့ .."

I'm in love with criminal { completed }Where stories live. Discover now