25 💙I'm in love with criminal💙
✨Part-25✨NINEကားပါကင်မှာသာရပ်စောင့်နေလိုက်၏။ ကောင်လေးက toilet၀င်ဦးမည်ဟု ပြောသဖြင့် သူအရင်ထွက်လာရခြင်းဖြစ်သည်။ ကားဘော်ဒီအား မှီထားပါရင်း လက်တစ်ဖက်က ဘောင်းဘီအိတ်ထဲထည့်ကာ ကျန်တစ်ဖက်ဖြင့် ဖုန်းကိုင်ကာ ကြည့်နေမိသည်။ ဒီအချိန်ဟာ လူသိပ်ရှုပ်တဲ့ အချိန်မဟုတ်တာမို့ ပတ်၀န်းကျင်ဟာ တိတ်ဆိတ်နေသည်။
ကောင်းလွန်းသန့်ဆိုသော ကောင်လေးရဲ့ညီကတော့ ကျန်နေခဲ့ဦးမည်ဟု ပြောသဖြင့် သူတို့လည်း မစောင့်ဖြစ်တော့။ သူလည်း အချိန်လိုလိမ့်မယ်ဟု NINEထင်၏။
"Hey"
သူ့မျက်လုံးတွေက ဖုန်းကို အာရုံရောက်နေရင်း ရှေ့မှ အုပ်မိုးလာသည့် လူရိပ်နှင့် နှုတ်ဆက်သည့်အသံကြောင့် NINE မော့ကြည့်လိုက်သည်။ သူတို့နားမှာ မီးလုံးရှိနေသည်မို့ မီးအလင်းရောင်ပြန်ဟပ်မှုကြောင့် ထိုလူ့မျက်နှာအား သူသေချာမမြင်ရပါချေ။
သို့ပေမယ့် ဘယ်တော့မှ မမေ့နိုင်ခဲ့တဲ့ ကိုယ်နေဟန်ထားနှင့် လူဟာ တစ်ချက်ကြည့်ရုံနှင်တင် ဘယ်သူမှန်းသူတန်းသိပါ၏။ NINE ပျက်ယွင်းချင်နေသည့် မျက်နှာထားအား အလျင်အမြန်ပင် ပြင်လိုက်၏။ သို့ပေမယ့် သူ့အရိပ်အကဲကို အမြဲသိလှသော လူကတော့ မြင်လိုက်သည်ထင်ပါရဲ့ ။ နှစ်ခြိုက်သလို နှုတ်ခမ်းတွန့်ရုံ တစ်ချက်ပြုံး၏။
"တွေ့ပြန်ပြီနော်။ကိုယ့် clubကို အရမ်းကြိုက်ပုံရတယ် "
"ခင်ဗျားဘာဖြစ်ချင်တာလဲ "
"ဘာမှမဖြစ်ချင်ပါဘူး။ ကိုယ်တွေးနေတာက မင်းကောင်လေးသာ မင်းအကြောင်းတွေသိသွားရင် မင်းထပ်ထားခံရဦးမယ့်ပုံပဲ "
ရိသဲ့သဲ့ပုံစံနှင့် သနားသလိုပြောလာသည့် စကားတွေက သူ့ကိုဒေါသထွက်စေသည်။ အရင်တုန်းကလို သူငယ်နှပ်စားလေးမဟုတ်တော့ပေမယ့် ထိုလူ့ကို တွေ့ပါတိုင်း ခြေမကိုင်မိ ၊ လက်မကိုင်မိဖြစ်လာတာ ဘာဖြစ်မှန်းမသိ။
ခံစားချက်တွေကျန်နေသေးလို့လည်း မဟုတ်ဘူး။ မုန်းလို့လည်းမဟုတ်ဘူး။ ဒီတိုင်း ပြန်အဆင်မပြေနိုင်တော့တဲ့ ဆက်ဆံရေးတွေက ပြန်တွေ့ရတော့ နေသားမကျသေးတာပဲ ။
YOU ARE READING
I'm in love with criminal { completed }