20 💙I'm in love with criminal💙
✨Part-20✨NINEအလုပ်စားပွဲတွင်သာ ထိုင်နေပေမယ့် စိတ်ကတော့ တီဗီကြည့်နေသည့် ကောင်လေးထံသာရောက်နေသည်။ သူအလုပ်လုပ်နေရင်း လာစကားမပြောတာက အဆင်ပြေသော်လည်း အမြဲ သူ့ကိုလာလာချွဲတတ်တဲ့ ကောင်လေးကြောင့် အခုလို တိတ်ဆိတ်နေတော့ နေမတတ်ဖြစ်လာရ၏။
ကောင်လေးရဲ့ သူငယ်ချင်းတွေကို ဂရုတစိုက်ဆက်ဆံလိုက်ပါသည်။ သို့ပေမယ့် သူငယ်ချင်းတွေပြန်သွားကတည်းက သူ့ကိုတစ်ချက်မှ မကြည့်ကာ တီဗီရှေ့သာရောက်နေသည်။ ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသည့် ကောင်လေးကြောင့် တစ်ခုခုဖြစ်နေမှန်း ရိပ်မိလိုက်၏။
သူ့ကို စိတ်ဆိုးနေတာ ဒါမှမဟုတ် ကောင်လေးမှာ စိတ်ညစ်စရာတစ်ခုခုရှိနေတာကို သူသိလိုက်ပါသည်။
အလုပ်ကအရေးကြီးနေသည်မို့ ကြိတ်မှိတ်လုပ်နေပေမယ့် သူဘယ်လိုမှ အာရုံစိုက်လို့မရပါ။ ရှေ့မှ ကောင်လေးကိုသာ ကြည့်နေမိ၏။ လက်ပ်တော့ကို ကြည့်နေပေမယ့် စစ်နေတဲ့ စာရင်းတွေဟာလည်း မှားနေပြီဖြစ်သည်။
ထို့ကြောင့်ပင် သူမရမယ့်သူအတူ သက်ပြင်းတစ်ချက်ချကာသာ သူထိုင်ခုံက ထလိုက်သည်။ သူ့ရဲ့ခြေလှမ်းတွေကို နှလုံးသားအလိုကျ ကောင်လေးဆီသာ ဦးတည်လိုက်တော့သည်။ ပိုက်ဆံဆုံးရင်လည်း ဆုံးပါစေတော့ ။
ကောင်လေးကလည်း သူ့ကြောင့် ပင်ကိုပုံစံပြောင်းလဲသွားသည်ဟုပြောပေမယ့် သူလည်း ကောင်လေးကြောင့်ပြောင်းလဲသွားတာပင်။
တစ်စုံတစ်ယောက် စိတ်ဆိုးနေလား ၊ ဘာဖြစ်နေလဲ ဂရုစိုက်တတ်တာ သူ့ပုံစံမှ မဟုတ်ပါပဲ ။ကောင်လေးထိုင်နေသည့် ဆိုဖာဘေးနား ပူးပူးကပ်ကပ်၀င်ထိုင်လိုက်၏။ သူ့နားကနေခွာကာ တစ်ဖက်ကိုသွားထိုင်သည်။ တစ်ခုခုဖြစ်နေတာ သေချာသွားရ၏။
ဆိုဖာရှည်တွေကြီးပဲရှိတာမို့ ကောင်လေးပြောင်းထိုင်တဲ့ နေရာနောက် သူပြောင်းထိုင်ပြန်တော့ ကောင်လေးရဲ့မျက်၀န်းညိုတွေက သူ့ကိုဘုကြည့်ကြည့်လာသည်။ သူသိသွားရ၏။ ကောင်လေးက သူ့ကိုစိတ်ဆိုးနေတာပဲ ။
တစ်စုံတစ်ယောက်မျက်နှာကို အကဲခတ်တာ တော်တဲ့သူမျိုးမဟုတ်ပေမယ့် ကောင်လေးအမူအရာတိုင်းကိုတော့ သူမမှတ်ထားပါပဲ မှတ်မိနေတတ်၏။ စိတ်ဆိုးရင် ဘယ်လို ၊ ၀မ်းနည်းနေရင် ဘယ်လို ၊ စိတ်အဆင်မပြေရင်ဘယ်လိုဆိုတာ ။
YOU ARE READING
I'm in love with criminal { completed }