33 💙I'm in love with criminal💙
✨Part-33✨ပိုင်မြတ် လမ်းလျှောက်ရင်း ပြုံးနေမိ၏။ တွေးနေမိတာက သူသိိပ်ချစ်ရပါတဲ့ ဘဲကြီးအကြောင်း။ အဲ့ဘဲကြီးဟာလေ တကယ်ချစ်ဖို့ကောင်းသည်။ သူစိတ်ဆိုးပြေနေပြီမှန်း ဘဲကြီးသိပေမယ့် သူ့ပါးစပ်က စိတ်ဆိုးနေသေးသည်ဟု ပြောသည့်စကားကြောင့် ချော့နည်းပေါင်းစုံနဲ့သူ့အားချော့တတ်ပါ၏။
အချစ်ခံရတဲ့ ခံစားချက်ကသိပ်ကောင်းတယ်ရော..
ခြေလှမ်းတွေက ဘဲကြီးအိမ်ကိုဦးတည်နေသည်။ ညနေခင်းအချိန်မှာ ကောင်းကင်က ကြည်လင်နေသလို သူ့စိတ်ကလည်း ထိုနည်း၎င်းပဲ ။ အချိန်အကြာကြီး စိတ်ဆိုးနေခဲ့သည်မို့ ဒီနေ့တော့ ဘဲကြီးအား စိတ်ဆိုးပြေပါသည်ဟု ပြောတော့မည်ဖြစ်၏။
စိတ်မဆိုးတော့တာကို စိတ်ဆိုးနေသည်ဟု ဟန်ဆောင်ရသည့် သူ့အတွက်လည်းမလွယ်ကူခဲ့ပါ ။ လွယ်လွယ်နှင့်ပင် စိတ်ဆိုးပြေတတ်သည်မို့ တစ်ခါလောက်အကြာကြီးစိတ်ကောက်ဖူးအောင် အတင်းနေမိခြင်းဖြစ်သည်။
ကားလမ်းမဘေးနားကပ်ကာ လမ်းလျှောက်နေသည်။ ဖြတ်သွားသည့် ကားတွေအပြင် ညနေပိုင်းဖြစ်တာကြောင့် လူသွားလူလာလည်း အနည်းရှိသည်။ စိတ်အခြေအနေက ကောင်းနေသည်ကတစ်ကြောင်း ဘဲကြီးအိမ်ရောက်ဖို့ တစ်မှတ်တိုင်စာသာမို့ BUS မစီးဘဲ လမ်းလျှောက်ရန်သာ ဆုံးဖြတ်လိုက်၏။
ပိုင်မြတ် အပြာရောင်လွယ်အိတ်အား ဘေးတစောင်းလွယ်ပါရင်း ဂျင်းဘောင်းဘီအပြာနှင့် ရှပ်အင်္ကျီအနက်ကြောင့် မိမိုက်နေသည်။ ကိုယ့်အတွေးနဲ့ ကိုယ်လျှောက်လာရင်း ရုတ်တရက် သူ့ရှေ့ကိုလာရပ်သည့် လူတစ်ယောက်ကြောင့် သူကြောင်သွားရ၏။
လက်ထဲက "စိတ်မဆိုးပါနဲ့တော့နော်"ဟူသော ဆိုင်းပုဒ်အားကိုင်ထားပါရင်း သူအကြိုက်ဆုံးဖြစ်သည့် အ၀ါရောင်နှင်းဆီပန်းတစ်ပွင့်အား ကမ်းပေးသည့် ရှေ့မှမိန်းကလေးတစ်ယောက်။
"ဘာဖြစ်လို့လဲမသိဘူး"
ကမ်းပေးလာသည့် နှင်းဆီးပန်းအား ကြောင်အအယူကာ မေးလိုက်သည်။ သို့ပေမယ့် ထိုမိန်းကလေးဟာ သူ့ကိုဘာမှမပြေပါချေ။ ရှေ့ဆက်သွားရန်သာညွှန်ပြနေ၏။
ESTÁS LEYENDO
I'm in love with criminal { completed }