22 💙I'm in love with criminal💙
✨Part-22✨"အစ်ကို ..အစ်ကို..အစ်ကို"
ခေါ်သံကျယ်ကျယ်က တိတ်ဆိတ်နေသော အိပ်ခန်းထဲဟိန်းထွက်သွား၏။ ညသန်းခေါင်အချိန်ဖြစ်တာမို့ ပတ်၀န်းကျင်ဟာ မှောင်မဲနေသည်။ အခန်းထဲ၌ ညမီးရောင်ပျပျသာရှိနေ၏။ အသံက ကျယ်လွန်းပြီး ငိုရှိုက်သံတွေပါပါနေသည်မို့ ဘေးနားမှာသာ အိပ်နေတဲ့သူရှိရင်နိုးသွားနိုင်သည်။
ကံကောင်းတာက ထိုအခန်းထဲတွင်တော့ အိပ်မက်ဆိုးမက်ကာ ယောင်နေသည့် လူတစ်ယောက်ကလွဲ၍ ဘယ်သူမှရှိမနေ။
NINE အိပ်မက်ဆိုးကနေ နိုးထလာသည်။ အသက်ရှူသံပြင်းပြင်းနှင့် နာရီသံချက်ချက်က အခန်းထဲပျံ့နှံ့နေ၏။ချက်ချင်းပင် ကုတင်ပေါ်မှ ထထိုင်ရင်း ဘေးနားတွင်ရှိနေသည့် ရေခရားမှ ရေတစ်ခွက်ထည့်ကာ သောက်ချလိုက်၏။ ခဏလောက်ကြာ မှ နှလုံးခုန်သံတွေဟာ ပြန်ငြိမ်သွားသည်။
Air-con ဖွင့်ထားပေမယ့် စိတ်ထဲက အပူတွေကြောင့် သူမအေးချမ်းနိုင်။ ပါးပြင်ပေါ်မှ မျက်ရည်စတို့နှင့် ချွေးစစစို့နေသော နဖူးပြင်အား လက်ခုံဖြင့် ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်၏။ ဘာဖြစ်လို့များ အချိန်တွေကြာတာတောင် သူမမေ့နိုင်သေးရတာလဲ ။
အတိတ်တွေဟာ သူ့နောက်ကို အရိပ်လို လိုက်နေ၏။ဟူး...
NINE လေပူတစ်ချက် မှူတ်ထုတ်ပါရင်း ဖွင့်ထားသည့် Air -cin အား removeဖြင့် ပိတ်လိုက်သည်။ နာရီကြည့်လိုက်တော့ မနက်၂နာရီ ။ စောသေးပေမယ့် ပြန်အိပ်လည်း မရတော့မှာသေချာနေတာကြောင့် စားပွဲပေါ်မှ မီးခြစ်နှင့် ဆေးလိပ်ဘူးအားယူကာ ၀ရန်တာသို့သာ ထွက်လာခဲ့၏။
ထူးထူးဆန်းဆန်း ဒီနေ့မှ လမင်းကြီးက ၀ိုင်းစက်စွာ သူနှင့်အတူ အထီးကျန်လျက်ရှိနေသည်။ထိုညက ၀ရန်တာမှာသာ သူရပ်နေရင်း ဆေးလိပ်တစ်ဘူးကုန်သွားခဲ့၏။ လေတဟူးဟူးက သူနဲ့အတူ အဖော်ပြုနေခဲ့ရင်း မိုးလင်းသွားခဲ့၏။
✨.........
ကော်ဖီဆိုင်လေးရဲ့ ၀ိုင်းလေးတစ်ခုမှာ ကောင်လေးနှစ်ယောက်ဟာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ မျက်နှာမကောင်းလှသည့် သူနှစ်ယောက်ကြောင့် သူတို့တွင် စိတ်ရှုပ်စရာတွေ ရှိနေကြလိမ့်မည်ထင်၏။ ညနေပိုင်း လူရှင်းချိန်ဖြစ်၍ ဆိုင်လေးဟာ တိတ်ဆိတ်နေသည်။
![](https://img.wattpad.com/cover/278907749-288-k540075.jpg)
YOU ARE READING
I'm in love with criminal { completed }