10 I'm in love with criminal
Part-10ပိုင်မြတ် အိပ်ရာမှနိုးလာတယ်။ မျက်လုံးတို့အား လက်ဖြင့်ပွတ်သပ်ပါရင်း ဖွင့်ကြည့်မိ၏။ ကျောပြင်မှနူးညံ့သောအထိအတွေ့ကြောင့် သူ့အိမ်မဟုတ်မှန်းသိလိုက်ရသည်။ မနေ့က ဘဲကြီးနဲ့ dateပြီး ဒီမှာပဲ အိပ်ဖြစ်သွားတာထင်၏။ ဘေးနားကို ကြည့်လိုက်တော့ ဘဲကြီးကရှိမနေပါ။ နောက်ကျနေသော အချိန်ကြောင့် သူ့ကိုမနှိုးကိုပါဘဲ အလုပ်သွားသည်ထင်သည်။
အိပ်ရာမှထကာ ကုတင်ပေါ်ထထိုင်လိုက်၏။
ကိုက်ခဲနေသည့် ခေါင်းကြောင့် နားထင်ကို လက်ဖြင့်ဖိပါရင်း မနေ့ကဖြစ်ပျက်သမျှအား ပြန်စဉ်းစားမိသည်။ သူတော်တော်မူးပြီး မှောက်သွားတာပဲ ။ တော်သေးတာပေါ့ ပေါက်ကရတွေမလုပ်မိသေးလို့..ဒုတိယအကြိမ် မက်မက်မောမော နမ်းရှိုက်မိပါသော နှုတ်ခမ်းတွေအကြောင်း ပြန်တွေးမိတော့ သူ့နှုတ်ခမ်းတွေဟာ ပြုံးမိသွားသည်။ နှုတ်ခမ်းအစုံအား လက်ဖြင့်ဖွဖွထိကိုင်ရင်း ဘဲကြီးရဲ့ အနမ်းတွေကို ပြန်ပုံဖော်နေမိသည်။ တကယ်ပါ အဲ့နှုတ်ခမ်းညိုညိုတွေဟာ တကယ်ကိုပင်စွဲလမ်းဖို့ ကောင်းသည်။
ကုတင်ပေါ်ကဆင်းတော့ ဘေးနားမှစားပွဲတွင်ကပ်ထားသည့် စာရွက်လေးတစ်ရွက် ။
"ကိုယ်အလုပ်သွားပြီ ။
ကောင်လေးအိပ်နေတာမို့ ကိုယ်မနိုးတော့တာ ။
လန်းလန်းဆန်းဆန်းဖြစ်သွားအောင် ရေချိုးပြီးမှပြန်။
အင်္ကျီကို ကုတင်ပေါ်မှာတင်ထားပေးတယ် ။
အမူးပြေ ဟင်းချိုသောက်ဖို့လည်း မမေ့နဲ့ဦး "ပိုင်မြတ် ထိုစာရွက်လေးအား ကိုင်ကြည့်ရင်း တကယ်ပြုံးနေမိသည်။ရေးထားတဲ့အထဲမှာ ချစ်တယ် ကြိုက်တယ် အကြောင်းတွေ ဘာတစ်ခုမှမပါပေမယ့် ဒီစာထဲမှာ သူ့ကို စိုးရိမ်ပူပန်ပေးမှုအချို့အား ပိုင်မြတ်မြင်နေရသည်ည် ။ ရင္ထဲမွာႏြေးပ်ပ် ။
တစ်စုံတစ်ယောက်က ကိုယ့်ကိုအရေးတယူ ဂရုစိုက်တဲ့အခါ အထူးသဖြင့် ကိုယ်ချစ်တဲ့တစ်စုံတစ်ယောက်ကပေါ့..
ရင်ထဲမှာ ပျော်သလိုလို ..ကြည်နူးသလိုလို..ခံစားချက်ကကောင်းမွန်ပြီး သူ့ကိုပျော်ရွှင်စေသည် ။ သေသေသပ်သပ် လက်ရေးတွေဖြင့် ရေးထားသည့် စာရွက်ကို ကြည့်ပြီး သူနှစ်ခြိုက်စွာ နောက်တစ်ကြိမ်ထပ်ပြုံးမိ၏။ ပြီးမှ ထိုစာရွက်အား ခုံပေါ်ပြန်တင်ကာ ဘဲကြီးပြောတဲ့အတိုင်း ရေချိုးရန် ရေချိုးခန်းထဲဝင်လိုက်တော့သည် ။
YOU ARE READING
I'm in love with criminal { completed }