Part-9

20.5K 2K 55
                                    

9 I'm in love with criminal
          Part-9

Clubထဲမှနေပြီး ဘဲကြီးဆွဲခေါ်ရာနောက် သူပါလာရသည်။ ကားတံခါးဖွင့်ကာ သူ့အား lover seatတွင် ထိုင်စေလျက် ဘဲကြီးကမောင်းသူနေရာ၀င်ထိုင်သည်။ ကပ်စေးစေးဖြစ်နေတဲ့ ခန္တာကိုယ်ကြောင့် ပိုင်မြတ်နှာခေါင်းရှုံ့မိတော့ ဘဲကြီးဟာ ပိုင်မြတ်ရဲ့ ၀ိုငျတှပေနေသေညျ့ ခန္တာကိုယ်အပေါ်ပိုင်းအား တီရှူးဖြင့် သုတ်ပေးနေ၏။ စကားတစ်ခွန်းမှမဆိုပါပဲ ခက်ထန်နေသည့် ဘဲကြီးရဲ့မျက်နှာထားကြောင့် ပိုင်မြတ်တံတွေးမျိုချမိသွားသည်။

ဘယ်လောက်ပဲ သတ္တိရှိတယ်ပြောပြော ဒီဘဲကြီးရဲ့ အေးစက်စက်ပုံစံဆို သူတကယ်လန့်မိပါ၏။

"ဘာလို့ ငြိမ်ခံနေတာလဲ "

အသံက ဒေါသထွက်နေသည့်အသံမျိုး မဟုတ်ပေမယ့် ပုံမှန်အသံမျိုးလည်း မဟုတ်ပါချေ။ တစ်ခုခုကို အတင်းချုပ်ထိန်းထားရတဲ့အသံမျိုး။ သူထင်တာကတော့ အဲ့ဒီ့တစ်ခုခုက ဒေါသပဲ ဖြစ်ပေလိမ့်မည်။

ပေသွားသည့် တီရှူးစတွေအား လွှတ်ပစ်လိုက်ရင်း ဘဲကြီးက သူ့ဘက်လှည့်ကြည့်လာ၏။ သူကလည်း ဘဲကြီးကို စောင်းကာ ကြည့်နေသည်မို့ မျက်လုံးချင်းဆုံသွားရကာ မျက်နှာချင်းဆိုင်အနေအထားဖြစ်သွားသည်။

"ကျွန်တော် ငြိမ်ခံမနေပါဘူး ဘဲကြီးရာ။ အစကတော့ ကျွန်တော်ဘက်ကလည်း မှားတာကြောင့် တောင်းပန်ပြီး သွားမလို့ကို အဲ့လူက ကျွန်တော့်ကို ဒီလိုလုပ်လိုက်တော့ ကျွန်တော်ထိုးမလို့ပြင်နေတုန်း ဘဲကြီးရောက်လာတာ"

"သြော်..."

"ဒါနဲ့လေ ဘဲကြီး ဒီနေ့ဘဲကြီးက တကယ်မိုက်တာပဲ။ ဘဲကြီးကို ကျွန်တော်ပိုပြီး စိတ်၀င်စားသွားပြီ။ ဘဲကြီးက ဘယ်လိုလူမျိုးလဲ"

သူ့အား ပြုံးရယ်ကာ ပြောနေသော ကောင်လေးကြောင့် သူ့စိတ်ထဲပျော်ရွှင်လာရသည်။ခုနက နှောက်နေသည့် စိတ်အစဥ်က အနည်းငယ်ကြည်လင်လာသလို ခံစားရ၏။  တစ်စုံတစ်ယောက်အား ကာကွယ်ပေးရသည့် ခံစားချက်ဆိုတာ ဒီလိုမျိုးလား။

အလုပ်ကိစ္စတစ်ခုက ဖုန်း၀င်လာသည်မို့ အပြင်ခဏထွက်ကာ ဖုန်းပြောနေခဲ့သည်။ ပြန်၀င်လာတော့ မြင်တွေ့လိုက်ရသည့်မြင်ကွင်းက သူ့ကိုဒေါသထွက်သွားစေတာကတော့ အမှန်ပင်။

I'm in love with criminal { completed }Where stories live. Discover now