Part-26

17.4K 1.5K 18
                                    

26 💙I'm in love with criminal💙
       ✨Part-26✨

"တကယ်လို့ ကောင်လေးက သေစေချင်တယ်ဆိုရင်တော့ ကိုယ်သတ်ပစ်နိုင်တယ် "

သူ့စကားအဆုံး ကောင်လေးရဲ့ မျက်၀န်းတွေဟာ အရည်ကြည်တွေ​ေ၀့တက်လာသည်။ ရင်ခွင်ထဲကို မျက်နှာအပ်ထားပါရင်း ၀မ်းနည်းတကြီးဆို၏။ အခုအချိန်မှာ ကောင်လေးဘာတွေတွေးနေလဲ သူမသိဘူး။ ကောင်လေးမျက်နှာဟာ ၀မ်းနည်းမှုကလွဲ၍ ဘာမှမမြင်ရပါချေ။ ဖုံးကွယ်ထားစရာလည်း မရှိတော့တာမို့ ကောင်လေးရဲ့ ရွေးချယ်မှုကို သူလက်ခံရမှာပင်။

"ဘဲကြီး အရမ်းပင်ပန်းခဲ့ရမှာပဲနော်.."

ကြားလိုက်ရသည့် စကားဟာ သူ့အကြားအာရုံမှ တစ်ဆင့် နှလုံးသားကို လာရိုက်ခတ်သည်။ စိတ်မကောင်းဖြင်နေဟန်ရှိသည့် အသံတိုးတိုးလေးက သူ့ရင်အစုံကို တုန်လှုပ်သွားစေ၏။
"ပင်ပန်းခဲ့ရမှာပဲနော်"တဲ့ ...ဟုတ်တာပေါ့ ကောင်လေးရယ်..

သူသိပ်ပင်ပန်းခဲ့ရတာပေါ့ ..သေချင်လောက်အောင် စိတ်ညစ်ပြီး နာကျင်မှုတွေ ၊ ရှုံးနိမ့်မှုတွေ အများကြီးခံစားခဲ့ရတယ်။ ဒါပေမယ့် ဘယ်သူမှ သူပေးဆပ်ခဲ့ရတာတွေကို စိတ်မ၀င်စားဘူး။ အကုန်လုံးဟာ သူ့ငွေနဲ့ အာဏာကြောင့် ချဥ်းကပ်ခဲ့ကြတဲ့ သူတွေကြီးပဲ ။

ဘယ်လောက်ပဲ ယောက်ျားရင့်မာကြီးတစ်ယောက်ဖြစ်ပါစေဦး ။ တစ်ခါမှ နွေးထွေးမှုမရခဲ့ဖူးသူမို့ ..စကားတစ်ခွန်းဖြစ်ပါစေဦး ။ သူသိပ်တန်ဖိုးထား မြတ်နိုးရပါတယ်။ ပြီးတော့ ဒီနွေးထွေးမှုလေးဟာ သူသိပ်ချစ်ရတဲ့ ကောင်လေးဆီက လာတာပါတဲ့ ..

"ကောင်လေး ကိုယ်က ဒီလိုလူမျိုးဆိုတာ သိသွားတော့ နည်းနည်းတောင် စိတ်မခုဘူးလားဟင်"

သူ့ကြောင့် ကျလာရတဲ့ မျက်ရည်စလေးများကို လက်မဖြင့် ခပ်ဖွဖွလေး သုတ်ပေးကာ ရင်ခွင်ထဲမှနေရင်း သူ့ကိုမော့ကြည့်နေသော ကလေးငယ်အား မေးလိုက်ပါ၏။ အဲ့မျက်၀န်းညိုတွေရယ် နှုတ်ခမ်းပါးရဲရဲရယ် ၊ ပါးပြင်မို့မို့လေးတွေက သူသိပ်မြတ်နိုးရတဲ့ အရာတွေပေါ့။

"ဘဲကြီးက ဘယ်လိုလူမျိုးလဲ ။ ကျွန်တော်ဘဲကြီးရဲ့ အတိတ်အကြောင်းတွေသိချင်ခဲ့တာ မှန်တယ်။ ဒါပေမယ့် အဲ့ဒါက ချစ်ရသူတစ်ယောက်အနေနဲ့ သိထားသင့်တယ်ထင်လို့ ..။ ဘဲကြီးရဲ့ အတိတ်မှာ ဘယ်လိုလူမျိုးဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်နဲ့မဆိုင်ဘူး။

I'm in love with criminal { completed }Where stories live. Discover now