35 💙I'm in love with criminal💙
✨Part-35✨ပိုင်မြတ် တတိယထပ်တွင်ရှိသော ဘဲကြီး၏ စန္ဒယားကြီးအား နှိပ်ချင်တိုင်းနှိပ်နေသည်။ ထွက်ချင်တိုင်းထွက်နေသည့် တီးလုံးသံတွေကလည်း ဆူညံလို့ပေါ့။ဘဲကြီးအိမ်အား အမြဲတမ်းလာနေကြဖြစ်ပေမယ့် ပထမထပ်နဲ့ ဒုတိယထပ်ကိုသာ သူအသေအချာရောက်ဖူးပါပြီး တတိယထပ်ကိုတော့ ခြေတောင်မချဖူးပါး။
လှေကားတက်ရမှာပျင်းတာကတစ်ကြောင်း စာအုပ်တွေအများကြီးရှိတယ်ဟု ဘဲကြီးပြောပြထား၍ စာအုပ်ဆို အသံတောင်မကြားချင်သည့် ပိုင်မြတ်ကြောင့် လုံး၀မသွားခဲ့တာလည်းပါမည်။
ဒီနေ့တော့ ဘဲကြီးအိမ်မှာလည်း မရှိသည်မို့ သူလည်းပျင်းတာကြောင့် တစ်အိမ်လုံးကိုလိုက်လံကြည့်ရှုပြီး ဒီနေရာသို့ ရောက်လာရသည်။ တစ်ထပ်လုံးရှိ နံရံတိုင်းမှာ စာအုပ်တွေနဲ့ စီစဥ်ထားသည်။ များပြားလှသည့် စာအုပ်တွေက သူ့ကိုအံ့သြသွားစေသည်အထိ ။ တကယ်ပဲ ဘဲကြီးက ဒီလောက်များတဲ့စာအုပ်တွေကို ဖတ်ခဲ့တာလား။
ဟုတ်ရင်လည်း ဟုတ်ပါလိမ့်မည်။ အဲ့ဒါကြောင့်လည်း ဒီလိုတော်ပြီး ရင့်ကျက်တဲ့သူတစ်ယောက်ဖြစ်လာတာပေါ့ ။ ကျောင်းစာကလွဲရင် ဘယ်စာကိုမှလှည့်မကြည့်သည့် သူနှင့်တော့ အတော်ကွာခြားပါ၏။
စာအုပ်တွေကြားထဲမနေချင်ပါ၍ တွေ့ကရာ အခန်းတစ်ခုထဲ၀င်လာခဲ့တာ အခုသူ့တီးချင်တိုင်း တီးနေပါသည့် စန္ဒယားကြီးကို တွေ့တာပါပဲ ။
ဂီတဆိုရင် သီချင်းနားထောင်တာကလွဲ၍ ဘာတူရိယာမှ မတီးတတ်တဲ့သူဟာ စန္ဒယားကိုတော့ တီးချင်သည့် ဆန္ဒရှိခဲ့ဖူးသည်။ ၀ါသနာတစ်ခုမဟုတ်ပါဘဲ ဒီတိုင်း နှိပ်ကြည့်ချင်တာပေါ့ ။ တီဗီထဲမှာတွေ့ရပါသည့် စန္ဒယားတီးနေတဲ့ လူတွေဟာ သိပ်စတိုင်ကျသည်ဟု သူထင်၏။
တစ်လက်စတည်း ဘဲကြီးလို ရက်စက်တတ်သည့် လူမျိုးဆီမှာ ဒီလိုနူးနူးညံ့ညံ့တူရိယာတစ်မျိုးရှိနေ၍ အံသြရသေး၏။ ဘဲကြီးကတော့ တီးတတ်လာမသိ။ တကယ်လို့ တီးတတ်ခဲ့ရင်တော့ သူ့ကိုလက်ထပ်ခွင့်တောင်းတဲ့အခါ စန္ဒယားတီးပြီး သီချင်းပါဆိုခိုင်းရမည်။ ကိုယ့်အတွေးနဲ့ကိုယ်တော့ ဟုတ်နေတာပါပင်။
YOU ARE READING
I'm in love with criminal { completed }