Part-15

18.1K 1.8K 50
                                    

15 💙I'm in love with criminal💙
         ✨Part-15✨

"သားကြီး မင်းအဆင်ပြေရဲ့လား"

ထိုင်နေကြအအေးဆိုင်လေးမှာ သူတို့ထိုင်နေကြပါရင်း ထူးပြည့်က သူ့ကိုမေးသည်။ ရှေ့မှာထိုင်နေသည့် မာန်ထည်ကလည်း မျက်နှာမကောင်း ။ ကာယကံရှင်သူက ပိုဆိုးလိမ့်မည်။

"ကျောင်းမှာပွနေတာပဲနော်။ မင်းအကြောင်းတွေ ။ ငါတို့ပြောတဲ့သူတိုင်းကို လက်သီးနဲ့ဖြေရှင်းနေလို့မရဘူး"

"မင်းဘဲကြီးကို ပြောပြရင်လည်း ပြောပြလိုက်ပါလားကွာ ။ မင်းတို့က အတည်ဆိုရင် သူ့မှာမင်းကို ဖြေရှင်းပေးနိုင်ဖို့ အင်အားရှိတာပဲ ။ တကယ်လို့ မင်းမပြောရင် ငါပြောမယ်။ ငါ့သူငယ်ချင်းကို ပိုင်းလုံးတို့ စပွန်ဆာရှာနေတယ်တို့တော့ ထပ်ပြီး အပြောမခံနိုင်တော့ဘူး"

"တကယ်လို့ သူက ​မဖြေရှင်းပေးနိုင်ဘူးဆိုရင်တော့ သူနဲ့လမ်းခွဲလိုက်တော့ ပိုင်မြတ်"

"ငါစဥ်းစားလိုက်ဦးမယ်"

အားမလိုအားမရကြည့်ကာ နှစ်ယောက်လုံးပြောနေကြသည့် စကားတွေကို အဖြေတစ်ခုသာ သူပေးရင်းထွက်လာခဲ့၏။ ဘဲကြီးကိုတော့ ဒီနေ့လာမကြိုနဲ့ ဟု မက်ဆေ့ တစ်စောင်ပို့ကာသာ သူဖုန်းပိတ်ပစ်လိုက်သည်။သူ့စိတ်တွေ တအားမွန်းကြပ်နေသလို ခံစားနေရ၏။

သူအခုဘာလုပ်သင့်လဲ ။

ကျောင်းမှာကသူ့ကို ကွက်ကြည့်ကွက်ကြည့်လူတွေများလာပြီး ဖယ်ရှောင်လာကြသည်။ မိုးနိုင်လင်းတစ်ယောက်သာ ဖော်ဖော်ရွေရွေစကားပြော၏။ သူ့ကို လူတွေအပေါင်းအသင်းမလုပ်တာကို စိတ်ထဲထားတတ်သူမျိုးမဟုတ်ပေမယ့် အားလုံးထဲကမှ ဖယ်ကျဥ်ထားခဲ့ရတဲ့အခါ နာကျင်ရတယ်မှတ်လား။

သူကြားတစ်ခါ မကြားတစ်ခါပြောနေကြသည့် အတင်းအဖျင်းတွေက သူရန်ဖြစ်ရန် မတတ်နိုင်လောက်သည်အထိ များပြားလာသည်။ ဘဲကြီးနဲ့သူနဲ့ဆက်ဆံရေးဟာ လူတွေထင်သလို မဟုတ်ပေမယ့် တွေးချင်ရာတွေးကြသည့် လူတွေကိုလိုက်ရှင်းပြရန်မလွယ်ကူပါချေ။

အရင်တုန်းကလည်း ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ထည်လဲတွဲတတ်တဲ့ စီးပွားရေးပညာရှင်ကြီး NINEကြောင့်လည်း သူ့စကားကို မယုံကြတာပါမှာပေါ့။ထူးပြည့်တို့ကတော့ ဘဲကြီးကို ပြောပြရန်အကြံပေးကြသည်။ သို့ပေမယ့် သူထိုသို့မလုပ်ချင်။

I'm in love with criminal { completed }Where stories live. Discover now