Part-17

17.4K 1.7K 41
                                    

17 💙I'm in love with criminal💙
          ✨Part-17✨

"ဘဲကြီး စပ်တယ် ။ စပ်တယ် "

သူ့အားကြည့်ကာပြောပါရင်း ရှူးရှူးရှဲရှဲလုပ်နေသော ကောင်လေးကြောင့် သူ့မှာ ရေခဲသေတ္တာထဲက ရေတစ်ဘူးအမြန်သွားယူရ၏။ နီရဲနေတဲ့ နှုတ်ခမ်းသားတွေနဲ့ သူ့လက်ထဲမှ ရေဘူးအား အမြန်ပင် ယူကာသောက်သည်။ ဘယ်လောက်တောက်စပ်နေလဲမသိ သူယူလာသည့် အလယ်အလတ်အရွယ် ရေဘူးလေးဟာ တစ်ခါတည်းကုန်သွား၏။

ဒီကောင်လေးဟာ အစပ်အရမ်းစားပါသည်။ ကောင်လေးအရမ်းကြိုက်တာက ခေါက်ဆွဲ ။ spicy 3ဆကို တစ်နေ့သုံးထုပ်လောက်စားပစ်သည်။ ပြီးရင် နှုတ်ခမ်းတွေပူထူလာပြီး ဗိုက်အောင့်လာပါရော ။ အဲ့အချိန်ကျတော့ ပြာယာခတ်တဲ့ရတဲ့သူက NINE ပါပင်။

"ကောင်လေးရယ် အဲ့လောက်စပ်ရင်လည်း ဘာလို့စားတာပဲ ။ ပြီးရင်လည်း ဗိုက်နာဦးမယ်"

သူတစ်ချက်ဆိုရင်း စားပွဲပေါ်မှ ကောင်လေးစားထားသည့် ပန်းကန်အား ဘေစင်တွင် ဆေးလိုက်၏။ ဗိုက်၀သွားဟန်တူသည့်ကောင်လေးဟာ ရေခဲသေတ္တာထဲမှ ရေဘူးထုတ်ကာ ထပ်သောက်သည်။ မျက်စိကလည်း ဖုန်းနဲ့မခွာပါ။ တကယ်ကြီး မုဆိုးမလေးမဂင်္ါဆိုသည့် ဇာတ်ကားကိုပြန်ကြည့်နေသည်။

သူကတော့ ရုပ်ရှင်ကားတွေဆို စိတ်မ၀င်စားတတ်ပေမယ့် အဲ့ကားဟာ အတော်ရှည်ပြီး ကောင်းသည်ဟု ကောင်လေးပြောတာကြားဖူးသည်။တစ်ခါတစ်ခါကျရင်လည်း သူနှင့်အတူအတင်းကြည့်ခိုင်းဟာ ကားတဲ့က ဇာတ်ကောင်တွေကိုရှင်းပြတတ်သေး၏။ ငယ်ငယ်လေးနဲ့လက်ထက်လိုက်ပြီး ယောကျ်ားကသေသွားတယ်ဆိုလား။အသေးစိတ်တော့ သူမသိပါချေ။

စားချင်တိုင်းစားပြီး ပြီးရင် ဗိုက်အောင့်ချင်တိုင်း အောင့်လိမ့်မည်ကောင်လေးကြောင့် သူ့မှာဆေးချော့တိုက်ရဦးမည်။ ဗိုက်အောင့်မှာကို ကြောက်တာထက် ဒီကောင်လေးက ဆေးသောက်ရမှာကို ပိုကြောက်သည်။သူ့ရဲ့ကောင်ဆိုးလေးဟာ အသေပဲခံလိုက်မယ် ဆေးကတော့ ဘယ်တော့မှ မသောက်ဘူးဆိုတဲ့ ပုံစံမျိုး။

"ကောင်လေး ..ကိုယ်ပြောစရာရှိတယ်"

အလေးအနက်ထားကာဆိုလိုက်တော့ ကောင်လေးဟာ ဖုန်းမှ သူ့ထံအကြည့်ရွေ့လာ၏။ တည်ငြိမ်နေသည့် သူ့မျက်နှာကြောင့် တစ်ခုခုပြောစရာရှိတာ ကောင်လေးလည်း သဘောပေါက်သွားသည်။ လက်ထဲကဖုန်းကိုပိတ်ပြီး ဘေးမှာချ၏။ ပြီးတော့ သူ့အားကြည့်သည်။

I'm in love with criminal { completed }Where stories live. Discover now