စာတွေပြန်ပြင်ထားတာမို့ ကလေးတို့ဖတ်မယ်ဆိုရင်
libraryထဲကထုတ်ပြီးပြန်ထည့်ပြီးမှဖတ်စေချင်ပါတယ် 🖤💙I'm in love with criminal💙
✨ Part-1✨Can you date with me?
ကျောင်းဖွင့်ရက်ဖြစ်၍ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကြီးက အသက်ဝင်လှုပ်ရှားနေသည်။ မိုးရာသီဖြစ်နေပေမယ့် တိမ်ကင်းစင်သည့် ကောင်းကင်က ကြည်လင်နေ၏။ ကျောင်းစင်္ကြံတစ်လျှောက် ကျောင်းသားများက ဟိုတစ်စုဒီတစ်စု။ canteenမှ စားသုံးသူတို့၏ မှာယူသံများကိုလည်း ကြားနေရ၏။ သစ်ပင်ပေါ်မှရကျေးဌက်များက ကျောင်းသားများနှင့်အပြိုင် တွန်ကြူးနေကြသည်။ သာယာသောနေ့လေးတစ်နေ့ဖြစ်မည်။
အတန်းချိန်နီးနေပြီမို့ ကျောင်းခန်းထဲ၌ ကျောင်းသားများစုံသလောက်ရှိနေကြ၏။ ဆရာမလာသေးသည့် အလျှောက် စာသင်ခန်းက စကားပြောသံတို့နှင့် ဆူညံနေသည်။
"ဟျောင် ပိုင်မြတ် ..မင်းအတန်းမတက်တော့ဘူးလား"
သူ့ဘေးမှ စားပွဲတွင်မှောက်အိပ်နေသည့် ပိုင်မြတ်က ဘာမပြောညာမပြော ခေါင်းထောင်လာသည် ။ ပြီးမှ "ကျွတ်"တစ်ချက်စုပ်ကာ အတန်းမှထထွက်သွားသည်မို့ မိုးနိုင်လင်း လှမ်းမေးလိုက်၏။သို့ပေမယ့် ဆရာသားက သူ့တောင်လှည့်မကြည့်ပါပဲ သွားနေရင်းပင် လက်ပြကာ အတန်းထဲမှထွက်သွားသည်။ ဒီနေ့အဖို့ ပိုင်မြတ် ကျောင်းကိုပြန်မလာတော့ဘူးဆိုတာ မိုးနိုင်လင်းသိလိုက်၏။
အထူးအဆန်းမဟုတ်သည့် အရာတစ်ခုကို အမြဲလိုက်မေးနေမိသည့်သူက အမှတ်မရှိဘူးပြောလည်း ခံရမှာပါပင်။
✨................
ပိုင်မြတ် အတန်းထဲမှာ အိပ်နေရင်း တကယ့်ကို ဆူညံလွန်းတဲ့ အသံတွေကြောင့် စိတ်အလိုမကျစွာပင် အခန်းထဲမှထွက်လာခဲ့သည် ။ လူကအနည်းငယ်နုံးနေသည်မို့ ကျောင်းလည်းမတက်ချင်တော့သည်နှင့် ကားပတ်စီးရန်သာ မှတ်တိုင်သို့ ဉီးတည်လျက် အပြာရင့်ရောင်ကျောပိုးအိတ်အား တစ်ဖက်တည်းလွယ်ထားပါရင်း လမ်းလျှောက်နေသည် ။ ဒီနေ့ကနေလည်း အတော်သာကာ ကောင်းကင်ကလည်းကြည်လင်နေသည်မို့ ခုနက မကြည်လင်နေသည့်စိတ်အစဉ်က လမ်းအနည်းငယ်လျှောက်လိုက်သည်နှင့် ကွယ်ပျောက်သွားသည်။
YOU ARE READING
I'm in love with criminal { completed }