Part-34

15.1K 1.3K 16
                                    

34 💙I'm in love with criminal💙
         ✨Part-34✨

"ဘဲကြီး ကျွန်တော်ခင်ဗျား နှုတ်ခမ်းတွေကို စုတ်ပြတ်သတ်သွားတဲ့အထိ နမ်းပစ်ချင်တယ်"

နှစ်ယောက်သာ ၀ိုင်သောက်နေပါရင်း သူ့အားစူးစူးစိုက်စိုက်ကြည့်ကာ ပြောလာသောကောင်ငယ်လေး ။ ၀ရန်တာမှာအေးလွန်းသည်မို့ သူတို့နှစ်ယောက်လုံး အိမ်ထဲ၀င်ပါရင်း ဆိုဖာပေါ်မှာသာ ဘေးချင်းကပ်ထိုင်ကာ ဆက်သောက်ဖြစ်ကြသည်။

ညဟာနက်သည်ထက်နက်လာသည်။ပတ်၀န်းကျင်က နာရီသံချက်ချက်မှ လွဲ၍မကြားရ။ သူ့အားကြည့်နေပါသည့် ကောင်လေးက ၀ိုင်တွေပေနေပါသည့် နှုတ်ခမ်းအား လျှာဖြင်သပ်လိုက်၏။ ထိုပုံစံဟာ သိပ်ကိုဆွဲဆောင်မှုရှိလွန်းလှပြီး သူ့အားရစ်မူးစေ၏။

နှစ်ယောက်သားခဏတာအကြည့်ဆုံမိရင်း ကောင်လေးက ခဏတာအတွင်းသူပေါင်ပေါ်ရောက်လာသည်။ ထိကပ်သွားသည့် နှုတ်ခမ်းတွေက နှစ်ယောက်လုံးရဲ့အလိုဆန္ဒအတိုင်း ။ လက်ထဲမှာကိုင်ထားသည့် ၀ိုင်ခွက်ဟာ ဆိုဖာပေါ်မှောက်ကျသွား၏။

အခုသူ့လက်တွေဟာ ကောင်လေးရဲ့ ချော့မွေ့လှသည့် ကျောပြင်ပေါ်မှာ ပြေးလွှားနေသည်။

ဘယ်သူဦးဆောင်နေတယ်ဆိုတာမရှိဘူး။ နှစ်ယောက်လုံးက တစ်ယောက်တစ်လှည့် မက်မက်မောမော နမ်းရှိုက်နေကြသည်။ အရင်က သူ့အနမ်းတွေမှာပဲ စီးမျောခဲ့တဲ့ကောင်လေးဟာ အခုတော့ ရမ္မကာအစွမ်းကြောင့်ထင်သည်။ ပိုပြီးရဲတင်းကာ ပိုပြီးသွက်လက်လာသည်။

တစ်ခါတစ်ခါ NINEနှုတ်ခမ်းတွေအား ပေါက်သွားသည်အထိ ယုန်သွားတွေဖြင့် ဖိကိုက်တတ်သေး၏။ သူ့ရဲ့ ငန်ကြည့်ကြည့်သွေးဟာ သိပ်အရသာရှိတယ်ဟုဆိုသည်။

ခံစားတွေက နိမ့်ချည်မြင့်ချည်။ နှလုံးသားက ပေါက်ထွက်မတတ်ခုန်နေသည်။ ဘာကိုဦးတည်နေမှန်းသိတဲ့ သူတို့နှစ်ယောက်ရဲ့အနေအထားမှာ ဘယ်နေရာပဲနေရနေရ ​ကောင်လေးကလည်း ခွင့်ပြုသလို သူကလည်း နောက်ဆုတ်ဖို့ ဆန္ဒမရှိဘူး။

အဆက်မပြတ်နမ်းနေပါရင်း ထိုင်နေရာမှထကာ တင်းပါးတို့အား လက်နဲ့ထိန်းကိုင်လျက် ချီမသွားလိုက်၏။လည်တိုင်ကိုပိုပြီးဖက်တွယ်လာတဲ့ လက်တွေအပြင် သူတို့နှစ်ယောက်ကြား ပိုပြီးပြင်းထန်လာတဲ့ အနမ်းတွေ ။

I'm in love with criminal { completed }Where stories live. Discover now