6 💙I'm in love with criminal💙
✨Part-6✨မြင့်မားစွာ ဆောက်လုပ်ထားပါသည့် အဆောက်အအုံကြီးတွေကမြို့လယ်မှာ ခန့်ညားစွာ တည်ရှိနေကြသည်။ ကားတွေရှုပ်ရှက်ခက်နေသည့် လမ်းက လမ်းလျှောက်တဲ့သူတွေလည်း တွေ့ရှိနိုင်သည်။ မနက်စောစောပိုင်း အလုပ်သွားကြသည့် အချိန်ဖြစ်တာမို့ မြန်မာနိုင်ငံအတွက် ကားကျပ်လှသည့်အချိန်တစ်ခုဆိုလည်းဖြစ်၏။
နေရာကောင်းတစ်ခုမှာ တည်ဆောက်ထားသည့် Shopping mallက အချိန်တိုင်းလူစည်နေ၏။ ဒုတိယထပ်မှာရှိနေသည့် ကုန်ခြောက်အစားအစာများအား ကောင်းလွန်းသန့် လိုအပ်သည်များကို မားကတ်မှပေးသည့် ခြင်းတောင်းလေးတွန်းကာ ရွေးချယ်ဝယ်နေမိသည်။ ဒီနေ့ဆိုင်ပိတ်သည်မို့ သူပစ္စည်းဝယ်ရန် အချိန်ကောင်းကောင်းရပါ၏။
ဈေးဝယ်ရတာ ကြိုက်သည့်သူ့အတွက် အခုနောက်ပိုင်းပုံမှန် Mondayတိုင်းဆိုင်ပိတ်ကာ သီးသန့် Martတစ်ခုခုသို့လာဖြစ်သည်။ အိမ်အတွက်လိုအပ်တာလေးတွေလည်း ၀ယ်ရင်းတစ်ခုခုစားပါရင်းပေါ့။
"ဟိတ် ..ဈေးလာဝယ်တာလား"
အာရုံစိုက်ကာ ၀ယ်ယူမည့် ခေါက်ဆွဲထုတ်အား ကြည့်နေပါရင်း အနားကပ်ကာ ပြောလာသည့် နောက်မှ ရုတ်တရက်ကြားလိုက်ရသောအသံကြောင့် ကောင်းလွန်းသန့်ခန္တာကိုယ်ဟာ လန့်သွားကာ တုန်တက်သွားသည်။အမြဲတမ်းသူတစ်ခုခုကို ဂရုတစိုက်ကြည့်နေမိရင် ကျန်တဲ့ဟာတွေကို မေ့လျော့နေတတ်သည်မို့ အလန့်တကြားဖြစ်သွားရခြင်းဖြစ်သည်။
ခန္တာကိုယ်အား အနည်းငယ်စောင်းကာ နောက်လှည့်ကြည့်လိုက်တော့ တီရှပ်အဝါ ဂျင်းအပြဲကို ဂျစ်ပစီဆန်စွာဝတ်ဆင်ထားပါသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ သူ့ကိုလာနှုတ်ဆက်သည်မို့ သူသိသည့်သူတွေထဲက ဖြစ်ရမည်။ ရှေ့ကလူ၏ မျက်နှာအား သေချာကြည့်ရင်း ဘယ်သူလဲဆိုတာ အမြန်ပြန်စဉ်းစားလိုက်ရ၏။သူ့ထက်ခေါင်းတစ်လုံးပိုရှည်နေပါသည့် အရပ်ကြောင့် သူ့မှာမော့ကြည့်ရသေးသည်။
ထိုအခါမှ ခေါင်းထဲမှာ ပုံရိပ်တို့က အနည်းငယ်ပေါ်လာသည်။ တစ်ခါသာတွေ့ဖူးသည့် ဒီလူက မနေ့ကလေးဟင် သူ့ဆိုင်ကို တစ်ခါလာဖူးပါပြီး ဒုက္ခပေးသွားသည့် ဧည့်သည်တစ်ယောက်ဖြစ်သည်။
YOU ARE READING
I'm in love with criminal { completed }