Part-29

15.4K 1.5K 25
                                    

29 💙I'm in love with criminal💙
          ✨Part-29✨

"ခွေးမသား .."

NINE ပထမတစ်ယောက်လဲကျသွားပြီးနောက် ဒုတိယတစ်ယောက်အား ဆွဲထိုးနေမိ၏။ တတိယတစ်ယောက်ကတော့ သူ့ကိုမြင်တာနဲ့ကြောက်လန့်တကြားပြေးထွက်သွားသည်။

ဒေါသက အထွဋ်အထိတ်ရောက်နေပြီဖြစ်၏။ မြင်လိုက်ရသည့် မြင်ကွင်းက သူ့သွေးတို့အားပွက်ပွက်ဆူသွားစေသည်။ ဖြစ်နိုင်ရင် ထိုနေရာမှာသာ အဲ့လူသုံးယောက်ကို သတ်ပစ်လိုက်ချင်၏။

မထနိုင်တော့သည့် သူအားထားခဲ့ပါရင်း ကောင်လေးဆီအပြေးသွားမိ၏။ အသိမဲ့နေဟန်ရှိသော သူ့ရဲ့ကလေးလေးဟာ တကယ်ပင်သနားစရာကောင်း၏။ ထိုမြင်ကွင်းဟာ သူ့နှလုံးသားကို နာကျင်စေသည်။

"ကောင်လေး ..ကောင်လေး"

မွေ့ယာပေါ် ညည်းညူနေပါသည့် ကောင်လေးအား ရင်ခွင်ထဲထည့်ကာ စိုးရိမ်တကြီးခေါ်မိ၏။ သူ့အသံကြားလို့ထင်သည်။ ရင်ခွင်ထဲမျက်နှာအပ်ကာ ၀မ်းနည်းတကြီးငိုပါတော့သည်။ သူ့ရင်နာရသည်။ သူမလာခင်တုန်းက ဒီကောင်လေး ဘယ်လောက်တောင်ကြောက်နေလိုက်မလဲ ။

"ဘဲကြီး ကျွန်တော် ..ကျွန်တော် အရမ်းပူတယ် ။ အရမ်းပူနေတယ် "

အားကိုးတကြီးပြောသံသဲ့သဲ့ဟာ သူ့နားထဲ၀င်ရောက်လာသည်။ ဘယ်လောက်တောင် ဆေးတွေသုံးထားလဲမသိ။ သူ့ရဲ့ကောင်ငယ်လေးက ထတောင်မထနိုင်တော့ပါ။ ဒေါသနှင့်အတူ လူသတ်ချင်နေသည့်စိတ်အား အံကိုကြိတ်ကုဖိနှိပ်မိသည်။

"Boss..."

မင်းထွန်းနဲ့သူရဲ့တပည့်အချို့ရောက်လာသည်။ လဲကျနေသော နှစ်ကောင်အား ခေါ်ထုတ်သွားဟု အချက်ပြကာ ပြောလိုက်၏။

"တစ်ယောက်ထွက်ပြေးသွားသေးတယ်။ ရအောင်ဖမ်း။ အရှင်ပဲလိုချင်တယ်"

"ဟုတ်ကဲ့ Boss "

"သွားလို့ရပြီ "

အသံတိုးတိုးဖြင့်ပြောလိုက်၏။ မင်းထွန်းက သူ့တပည့်ပီသစွာ ခြေသံပင်မင်မကြားရပါပဲ ထွက်သွားသည်။ ရင်ခွင်ထဲမှ ကောင်ငယ်လေးအား ငုံ့ကြည့်လိုက်၏။ ဆေးအစွမ်းကြောင့် ကောင်လေးဟာ ညည်းညူကာ ကျန်ရှိနေတဲ့ အားလေးဖြင့် ကိုယ်ပေါ်မှ Jacketအား အတင်းဆွဲချွတ်နေ၏။

I'm in love with criminal { completed }Where stories live. Discover now