18 💙I'm in love with criminal💙
✨Part-18✨နောက်ဆုံးပေါ် စျေးကြီးလှသည့် အနက်ရောင်ကားတစ်စီးက လမ်းဘေးနားချရပ်ထားသည်။ မနက်ခြောက်နာရီသာရှိသေးသည်မို့ နေအလင်းရောင်မရှိသေးသလို လမ်းပေါ်မှာလည်း လူသူကင်းရှင်းနေသည်။ ထိုကားလေးထဲတွင်တော့ ယောက်ျားသားနှစ်ယောက် ရှေ့ခန်းတွင် ထိုင်နေကြ၏။
"ကောင်လေး ကိုယ်မလိုက်ပေးလို့ အဆင်ပြေရဲ့လား"
"ရပါတယ် ဘဲကြီးရဲ့ ။ အမေဒီအချိန်ဆို ကျွန်တော့်ကို စိတ်ဆိုးပြေလောက်မှာပါ။ ကျွန်တော်လည်းသေချာတောင်းပန်ပါ့မယ်။ "
စိတ်မချစွာ သူ့ရဲ့အမေးကို ကောင်လေးက ခေါင်းညိမ့်ကာ ဆိုသည်။ သူလည်း ပြုံးလိုက်ပြီး ကောင်လေးနဖူးကို အနမ်းတစ်ပွင့် ခြွေလိုက်၏။ ကောင်လေးက ဒီလောက်ပြောနေမှတော့ သူလည်း လိုက်မသွားရန်သာဆုံးဖြတ်လိုက်သည်။
"အင်း ။ အဲ့ဒါဆို သွားတော့နော် ။ ကိုယ်ကောင်လေး အိမ်ထဲ၀င်သွားတဲ့ အထိကြည့်နေမယ်"
"အင်း ...ဘဲကြီး ။ ဒါဆို ကျွန်တော်သွားပြီနော်"
ပြောပါရင်း သူ့ပါးအား ရွတ်ကနဲနမ်းကာကားပေါ်မှ ဆင်းသွားသည့် ကောင်ငယ်လေး။ သူမှာသာကောင်လေးရဲ့ နောက်ကျောလိုက်ကြည့်နေမိ၏။ ချစ်စရာကောင်းသည်ဟု မဆိုနိုင်ပေမယ့် အရပ်ရှည်ရှည် ခပ်ချောချောဒီကောင်လေးကို သူသိပ်ချစ်ရပါသည်။ သူ့အပေါ်ဆို အမြဲချွဲတတ်တဲ့ကောင်ငယ်လေးဟာ တစ်ခြားသူတွေနဲ့ဆိုရင်တော့ ခပ်တည်တည်နေတတ်သည်ဟု သူသိရှိရ၏။
ကောင်လေးတို့အိမ်ကို လှမ်းကြည့်လိုက်တော့ တံခါးက ပွင့်နေပြီဖြစ်သည်။ ဆိုင်ထဲက ပစ္စည်းတွေကို နေရာချနေသည့် ကောင်လေးအမေကို သူလှမ်းမြင်နေရ၏။ နောက်ကျောသာမြင်ရသည့်ကောင်လေးဟာ အိမ်ထဲမ၀င်သေးပါဘဲ တစ်ယောက်တည်းအလုပ်ရှုပ်နေပါသည့် သူ့အမေကို ငေးကြည့်နေသည်။
တစ်ခါမှ ဒီလိုမြင်ကွင်းမျိုး မမြင်ဖူးဘူးထင်ပါရဲ့ ။ အိပ်ရာထနောက်ကျတတ်တာမို့ ကောင်လေး ဒီလိုသူ့အမေရဲ့အလုပ်တွေကို မသိတာ မဆန်းပါလေ။ အရင်က လုံး၀စိတ်မ၀င်စားခဲ့တာလည်း ပါမှာပေါ့။ ထို့ကြောင့်ပင် သူတမင်သက်သက် ကောင်လေးကို ဒီအချိန်ပြန်ပို့ခဲ့တာ ။အမေ့ရဲ့ မေတ္တာတွေ နားလည်နိုင်စေဖို့ ။ ကောင်လေးဒီလိုနေရဖို့ အမေဘယ်လောက်ပင်ပန်းလဲ သိနိုင်စေဖို့ ..
YOU ARE READING
I'm in love with criminal { completed }