16 💙I'm in love with criminal💙
✨Part-16✨NINE...
သူ့ကိုလူတော်တော်များများသိကြတယ်။ စမတ်ကျပြီး ချမ်းသာလှတဲ့ ယောက်ျားတစ်ယောက်အဖြစ်နဲ့ပေါ့။ စီးပွားရေးလုပ်ငန်းများစွာပိုင်ဆိုင်တယ်။ မြန်မာနိုင်ငံရဲ့ အချမ်းသားဆုံး စာရင်း၀င်ထဲက တစ်ဦးပဲ ။ အသက်က ၃၂နှစ် ။ မိန်းကလေးတိုင်းရဲ့ အနာဂတ်သတို့သားလောင်း။Gayဆိုပြီး come outမလုပ်ထားပေမယ့် သူတွဲတာက ယောက်ျားလေးတွေကြီးပဲ ။ ရေလျှံပြီး ရုပ်ချောတဲ့ယောက်ျားဖြစ်တာကြောင့် သူနဲ့တွဲချင်တဲ့ ယောက်ျား၊ မိန်းမတွေက အပုံလိုက်။ ဘယ်သောအခါမှ အတည်မတွဲပဲ စိတ်ရှုပ်လာရင် အချိန်အခါမရွေး ဖြတ်ချလိုက်တယ်။လာတွဲတဲ့သူတွေကလည်း သူ့ပိုက်ဆံပဲကြည့်တာများတော့ ပိုက်ဆံနည်းနည်းလောက်ပေးလိုက်ရင်အဆင်ပြေတယ်။
အောင်မြင်ပေမယ့်ရှုပ်ရှုပ်ရှက်ရှက်အင်တာဗျူးတွေမလုပ်ဘူး။ လူတွေနဲ့လည်း သိပ်အဆက်အဆံမရှိပေမယ့် ကုမ္ပဏီမှာတော့ အညှာအတာကင်းမဲ့ပြီး ပြတ်သားလှတဲ့အတွက် နတ်ဆိုးလို့ခေါ်ကြတယ်။ အဲ့ဒါတောင် သူ့ကုမ္ပဏီမှာ လုပ်မယ့်သူတွေ တန်းစီနေတာပဲ ။
မိဘတွေကဘယ်သူလဲဆိုတာ မသိရဘူး။ ဘယ်လိုကနေချမ်းသာလာလည်းဆိုတာ ဘယ်သူမှမသိကြဘူး။ ပြောရရင်တော့ သူ့ရဲ့အတိတ်ကို ဘယ်သူမှမသိကြဘူး။
ဒါပေမယ့် လူတိုင်းကသူ့လိုအောင်မြင်ပြီး ကျော်ကြားချင်ကြတယ်။ NINEဆိုတာနဲ့ ခြေရင်းမှာ၀ပ်ဆင်းကြမယ့်သူတွေကြီးပဲ။
ဒါဟာ သာမန်လူတွေသိထားကြတဲ့ NINEရဲ့ပုံရိပ်တွေ။
လူတိုင်းနောက်ကွယ်မှာ ပြုလုပ်ခဲ့တဲ့ ဥပဒေမဲ့အလုပ်တွေအားလုံးဟာ ဘယ်သူမှမခန့်မှန်းနိုင်လောက်တဲ့အထိ များပြားပြီး ရက်စက်ကြမ်းကြုတ်တယ်။ ဘယ်သူမှမသိပေမယ့်လို့ပေါ့။မလုပ်ဖူးတဲ့ အလုပ်မျိုးမရှိသလို လူတစ်ယောက်ကို မျက်တောင်မခတ်ပဲ သတ်နိုင်လောက်သည်အထိ အေးစက်တယ်။
ဘယ်အရာမဆို လူတိုင်းထက်သာလွန်ပြီး စိတ်ကွက်အောင်လုပ်မိတဲ့ကောင်မှန်သမျှ သတ်လိုက်ဖို့ ၀န်မလေးဘူး။ သူ့ကို သစ္စာဖောက်လာရင် မိန်းမယောက်ျားမရွေး ၊ အကုန်သတ်တယ်။ဒီလိုလူသားမဆန်တဲ့ လုပ်ရက်မျိုးကို လုပ်တတ်လာအောင်ကံကြမ္မာကပဲစီမံပေးခဲ့တယ်။
![](https://img.wattpad.com/cover/278907749-288-k540075.jpg)
YOU ARE READING
I'm in love with criminal { completed }