5 💙I'm in love with criminal💙
✨Part-5✨တိမ်ကင်းစင်နေသည့် ကောင်းကင်က ကြည်လင်နေသည်။ သာယာနေသည့် ရာသီဥတုက လူအများစိတ်ကို ရွှင်လန်းစေပေမယ့် ပိုင်မြတ်တစ်ယောက်တော့ အကြီးအကျယ်မှိုင်ထွေလျက်ရှိ၏။ ထိုင်နေကြထိုင်ခုံလေးမှာထိုင်နေရင်း ဆိုင်အပြင်ဘက်ကို မျှော်ကြည့်ရတာများ၍ သူ့လည်ပင်းတောင်ရှည်တော့မည်ဖြစ်သည်။
ကောင်တာမှာလုပ်ရှုပ်နေသည့် သူ့ညီကောင်းလွန်းသန့်က သူ့ကိုကြည့်ကာ သက်ပြင်းတစ်ချက်ချသည်။ တစ်ဖက်ဝိုင်းမှာထိုင်နေသည့် ချစ်သူငယ်ချင်းနှစ်ကောင်ကလည်း လဒမှိုင်မှိုင်နေသော ပိုင်မြတ်ကို ကြည့်နေပါရင်း ခေါင်းတစ်ခါခါ။
အပြင်ဘက်က Aircon အရှိန်ကြောင့် အေးချမ်းနေပေမယ့် ပိုင်မြတ်စိတ်ထဲမှာတော့ ပူလောင်နေရသည်။ နေရောင်မရှိသေးသည့် မနက်ပိုင်းအချိန်ဖြစ်ပေမယ့် သူ့မှာ မအေးချမ်းနိုင်ပါ။အခုဆို သူဘဲကြီးကို မတွေ့ရတာဘယ်နှစ်ရက်တောင်ရှိနေပြီလဲ။ သူ့ကို ခေါ်သွားပြီး ပြန်ပို့ပေးခဲ့တဲ့ နေ့ကတည်းက ဘဲကြီးက ဒီဆိုင်ကိုမလာတော့တာ။
မတွေ့ရတာ ၃ရက်တောင်ရှိနေပြီမို့ ပိုင်မြတ်နှလုံးသားလေးဟာ လွမ်းနာကျနေသည်။ လိုက်ရှာရအောင်လည်း နာမည်တောင်မသိသိသည့် သူတစ်ယောက်။ ဟိုတစ်နေ့က အိမ်လိုက်သွားလေဟုဆိုရင်လည်း အဲ့နေ့က ဘဲကြီးကို ငေးနေတာနဲ့ပဲ ဘယ်နေရာဆိုတာ သူမမှတ်မိဘူး။
ဘာမှမစုံစမ်းမမေးမြန်းခဲ့သည့် သူ့ကိုယ်သူပင် စိတ်တိုမိသည်။ ဖုန်းနံပါတ်မဆိုတာနဲ့ ဘဲကြီးရဲ့ အကြောင်းတစ်စုံတစ်ရာကိုတောင် သူမသိပါ။ ဖူးစာပါရင် ကံကြမ္မာက တွေ့ဆုံပေးမှာပဲဆိုသော သူ့ခံယူချက်ကြောင့်ရော ၊ ဘဲကြီးအကြောင်းဘာမှမသိပါဘဲ စိတ်သန့်သန့်လေး ဘဲကြီးကိုရအောင်လိုက်မယ်ဆိုတဲ့ သူ့ရဲ့ခံယူချက်ကြောင့်ရော သူတကယ်ဘာမှ မစုံစမ်းမိခဲ့။
အခုတော့ ဖူးစာကမပါတော့ဘူးလား။ ဖူးစာပါမပါမသိပေမယ့် ပိုင်မြတ်ကတော့ အတော်ဖြစ်နေပြီဖြစ်သည်။ အမှန်တိုင်းပြောရရင် အစကတော့ စိတ်ဝင်စားဖွယ်ဘဲကြီးတစ်ပွေ၊ သူ့အတွက်နည်းနည်းရင်ခုန်ဖို့ကောင်းတဲ့ ဘဲကြီးကို ကြောင်ချင်ရုံသက်သက် စကားတွေပြောခဲ့တာပါ။ ဒါပေမယ့် သူမသိလိုက်သည့်အချက်က သူထိုဘဲကြီးကို အမှန်တကယ် စိတ်ဝင်စားသဘောကျမိသွားတယ်ဆိုတာပါပဲ။
YOU ARE READING
I'm in love with criminal { completed }