Part-31

15.3K 1.4K 28
                                    

31 💙I'm in love with criminal💙
       ✨Part-31✨

NINEသူနှင့် မျက်နှာချင်းဆိုင် ခုံပေါ်မှာထိုင်နေတဲ့ ကောင်လေးရဲ့ မီး၀င်း၀င်းတောက်နေပါသည့် မျက်၀န်းတွေအားကြည့်မိသည်။ သူ့လက်အား အတင်းကိုင်ထားသော ဟန်မင်းဦး ညီမလက်တွေကို ဖယ်ချနေရ၏။ တကယ်ဒေါသထွက်နေဟန်ရှိသော ကောင်လေးကြောင့် သူ့မှာတံတွေးမျိုချမိသွားသည်။

ဘယ်လောက်ပဲ မာဖီးယားကြီးဟုပြောပြော အခုတော့ သူဒီကောင်လေးရဲ့ အကြည့်တွေကို တကယ်ကြောက်နေပါသည်။

ပြေလိုပြေငြား ခပ်အေးအေး အပြုံးတစ်ပွင့်အား ကောင်လေးအား ပေးမိ၏။ သို့ပေမယ့် မျက်နှာသေဖြင့်သာ သူ့အားကြည့်နေသည်။ သူတော့ ပိုးဆိုးပက်စက်ချော့ရတော့မယ်ထင်ပါရဲ့။

ဒီကိစ္စတွေရဲ့ အဓိကတရားခံဖြစ်သည့် ဟန်မင်းဦးကိုသာအကြည့်စူးစူးပေးပစ်လိုက်၏။ သူစိတ်တိုနေပေမယ့် တောင်းပန်ခယနေသည့် ဟန်မင်းဦးမျက်လုံးတွေကြောင့် သူကပဲ သက်ပြင်းချမိပါသည်။

"ယောက်ျား သူကဘယ်သူလဲ "

"အဲ...သူက ကိုယ့်ညီတစ်၀မ်းကွဲ ..ကိုယ်နဲ့အတူနေတာ "

ပိုင်မြတ် တကယ်ဒေါသထွက်နေပြီဖြစ်သည်။ ယောက်ျားတဲ့..ချီးကိုယောက်ျား ။ ဘဲကြီးဘေးမှာ ပိုင်စိုးပိုင်နင်းကိုင်ရင်း လက်တို့တွဲချိတ်ထားသည့် မိန်းမကြီးအား အသက်မပါသည့် အပြုံးတစ်ပွင့်ပေးလိုက်၏။ ဒါလားရူးနေတာ။ တစ်ခြားရူးတာတော့ မဖြစ်နိုင်ဘူး ။ လင်တရူးပဲဖြစ်ရမယ်။

ဘဲကြီးသူ့အား ဒီအကြောင်းပြောပြတုန်းက ဒီလောက်ဆိုးမယ်မထင်လို့ လက်ခံပေးမိတာ ။ အခုတော့ သူ့ကိုရှေ့မှာထားပြီး ယောက်ျားလို့ခေါ်နေတယ်။ ပူးပူးကပ်ကပ်ဘဲကြီးဘက်ကို အတင်းထိုင်နေသည့်ပုံစံက ဘဲကြီးခန္တာကိုယ်ထဲ၀င်သွားမလားပဲ ။

ပိုင်မြတ် ခုံအောက်မှာရှိသည့် လက်သီးတို့အား ကျစ်ကျစ်ဆုပ်ထားကာ ဒေါသကို ဖြေဖျောက်နေတယ်။ ဒီဟာက နည်းနည်းပါးပါးကူညီပေးတာတဲ့လား။ ဒီဘဲကြီးကိုတော့ သူအရေခွံဆုတ်ကာ ကြော်စားပစ်ချင်နေပြီဖြစ်သည်။

"​ကောင်လေး ..ဒါကိုယ်ပြောတဲ့ ဟန်မင်းဦး ညီမလေး ။ "

"နာမည်က ရွက်နု​ေ၀"

I'm in love with criminal { completed }Where stories live. Discover now