Part-21

17.1K 1.5K 67
                                    

21 💙I'm in love with criminal💙
        ✨Part-21✨

ခန့်ညားထည်၀ါစွာ တည်ရှိနေသည့် အိမ်ကြီးဟာ ပုံမှန်အတိုင်း တိတ်ဆိတ်နေ၏။ ဧည့်ခန်းထဲတွင်တော့ ပြောင်လက်စွာ ခင်းကျင်းထားသည် ပါကေးကြမ်းခင်းပေါ် ဖင်ချထိုင်ကာ စာလုပ်နေသော ကောင်လေးတစ်ယောက်ရှိနေသည် ။စားပွဲပေါ်တွင်လည်း စာအုပ်တွေက ပြန့်ကျဲနေကာ ထိုကောင်လေးမျက်နှာက အနည်းငယ်ပင်ပန်းနေပုံရ၏။

"ကောင်လေးရေ..ဒီမှာရပြီ "

ပိုင်မြတ်အသံလာရာကြည့်လိုက်တော့ ဘဲကြီးက အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်လုံးအားလက်နှစ်ဖက်ဖြင့် ကိုင်ကာ သူ့နားလျှောက်လာ၏။ အေပရွန်အပြာရောက်ဖြင့် လိုက်ဖက်နေသော ဘဲကြီးက ကိုယ်တိုင်မီးဖိုချောင်ထဲ၀င်လာပုံရသည်။

ဘဲကြီးချက်လာတာဆိုရင်တော့ သူတို့နှစ်ယောက်လုံးရဲ့ အကြိုက်ဆုံးဖြစ်သည့် အပြင် အကျွမ်းကျင်ဆုံး အစားအစာတစ်မျိုးဖြစ်သည့် ခေါက်ဆွဲပြုတ်ပဲဖြစ်လိမ့်မည်။ စာအုပ်တွေအား အနည်းငယ်ဘေးဖယ်ပေးကာ ပန်းကန်ချရန်နေရာဖယ်ပေးလိုက်၏။ သူထင်သည့်အတိုင်း ကြက်ဥနှစ်လုံးဖြင့် ခေါက်ဆွဲပြုတ်ပါပင်။

"ကောင်လေး စာကြည့်နှင့်ဦးနော် ။ကိုယ်အအေးခံပေးမယ်"

ပြောကာ ပန်းကန်ထဲမှ ခေါက်ဆွဲတွေကို နှုတ်ခမ်းညိုညိုတွေဖြင့် မှုတ်ပေးနေသော ဘဲကြီး ။ သူ့မျက်စောင်းထိုးမှာထိုင်နေသည်မို့ နီးကပ်နေသည့် ဘဲကြီးရဲ့ မျက်နှာချောချောအား ငေးမောမိ၏။ အငွေ့ပြန်ရိုက်မှုကြောင့် ချွေးစစစို့နေသည့် နဖူးနဲ့ ဆွဲမက်စရာကောင်းသည့် နှုတ်ခမ်းသားလေး ။

အနည်းငယ်ရှည်နေသည့် ဆံပင်တို့အား ဘီးကုပ်ဖြင့် လှန်တင်ထားသည်မို့ ဘဲကြီးရဲ့မျက်နှာချောချောကို ပိုပေါ်လွင်စေသည်။
သူငေးနေမိရင်း တံတွေးတို့မျိုချလိုက်၏။ ရှေ့မှာရှိနေသည့် ခေါက်ဆွဲပြုတ်အားမစားပဲ ဒီဘဲကြီးကိုသာ စားပစ်လိုက်ချင်သည်။သူ့အတွေးနဲ့သူ ကြိတ်ပြုံးမိသွား၏။ သူတွေးတာနည်းနည်းလွန်သွားလားမသိ။

"ကောင်လေး စားလို့ရပြီ ထင်တယ်"

ခေါက်ဆွဲပန်းကန်အား ဘဲကြီးက သူ့ရှေ့ကိုရွေ့လာပေးသည်။သူစာမေးပွဲဖြေနေသည်မို့ ဘဲကြီးက အလုပ်တွေပစ်ထားကာ အသေးစိတ်မှအစသူ့ကို ဂရုစိုက်နေသည်။ စာကျက်နေရင်လည်း အနားမှာထိုင်ကာ စောင့်ပေးတတ်ပြီး စာကြည့်ပေးတတ်၏။

I'm in love with criminal { completed }Where stories live. Discover now