30 💙I'm in love with criminal💙
✨Part-30✨"ကောင်လေးက ကိုယ်သိပ်မြတ်နိုးရသူမို့ အသိစိတ်မဲ့နေတဲ့ ကောင်လေးကို ကိုယ်ဘယ်လိုယူရက်ပါ့မလဲ "
NINE ကောင်လေးရဲ့ ပါးပြင်အား ခပ်ဖွဖွကိုင်ကာ ပြောလိုက်သည်။နှစ်ခြိုက်စွာ ပြုံးပြလာတဲ့ ကောင်လေးရဲ့ နှုတ်ခမ်းတွေဟာ သူ့ရဲ့ပျော်ရွှင်ရာပဲ ။ ဘယ်သူ့ကိုမှ မချစ်တော့ဘူးလို့ ဆုံးဖြတ်ထားပေမယ့် ဒီကောင်လေးကိုတော့ သူသိပ်မြတ်နိုးရတယ်။
"ဘဲကြီး ဘဲကြီးကလေ ကျွန်တော့်ကို ကြွေအောင်တကယ်လုပ်နိုင်တာပဲ "
ကျေနပ်စွာ ဆိုလာသည့် ကောင်လေးရဲ့စကားတွေအား NINE ခပ်အေးအေး အပြုံးတစ်ပွင့်ဖြင့် တုန့်ပြန်လိုက်၏။ ကောင်လေးရဲ့ နဖူးပြင်ပြေပြေလေးအား ခပ်ဖွဖွ အနမ်းခြွေလိုက်သည်။ကောင်ငယ်လေးသာ တစ်ခုခုဖြစ်သွားခဲ့ပါက သူ့ကိုယ်သူသတ်သေမိမလားပဲ ။ ခပ်တိုတိုပေါက်နေသည့် ဆံပင်လေးတွေကအစ နူးနူးညံ့ညံ့ခြေဖ၀ါးတွေအဆုံး သူသိပ်မြတ်နိုးရပါသည်။
"တောင်းပန်ပါတယ်။ ကိုယ့်ကြောင့် ..."
ပိုင်မြတ်မျက်နှာမကောင်းစွာဆိုလာသော ဘဲကြီးရဲ့ နှုတ်ခမ်းတွေအား သူ့နှုတ်ခမ်းတစ်စုံ့ဖြင့် ဖိကပ်လိုက်၏။ ရုတ်တရက်ကြီးမို့ ကြောင်သွားသည် ထင်သည်။ သူ့ဘက်က စတင်နေပေမယ့် ဘဲကြီးထံမှ လှုပ်ရှားလာခြင်းမရှိ။
သို့ပေမယ့် ဒီအခြင်းအရာဟာ ခဏတာမျှသာ ။ ချက်ချင်းပင် အသိ၀င်သွားသည့် ဘဲကြီးဟာ သူ့နှုတ်ခမ်းတွေကို နူးနူးညံ့ညံ့တုန့်ပြန်သည်။ ေ၀းကွာနေတာကြာပြီဖြစ်သည့် နှုတ်ခမ်းသားတွေက ထိတွေ့လိုက်တော့ ရူးသွပ်ချင်စရာပါပဲ ။
ဘယ်လောက်ကြာသွားသည်မသိ။ နှစ်ယောက်သား အနမ်းနွံထဲမှာ နစ်မွန်းနေကြသည်။ စွဲမက်စရာကောင်လေးလှသည့် အနမ်းတွေအောက် ပိုင်မြတ်ကျရှုံးရတာ အကြိမ်တိုင်း ။ လူကမောဟိုက်လာသည်မို့ ဘဲကြီးရင်ဘတ်အား ခပ်ဖွဖွထုမိတော့ နဖူးပေါ်သို့ ခပ်ဖွဖွအနမ်းလေးနှင့်အတူ အဆုံးသတ်ပေး၏။
ပိုင်မြတ် သဘောကျစွာပြုံးလိုက်သည်။
"ဘဲကြီးမတောင်းပန်ပါနဲ့ ။ ဘဲကြီးရဲ့အပြစ်မှ မဟုတ်တာ "
YOU ARE READING
I'm in love with criminal { completed }