11 I'm in love with criminal
Part-11clubထဲမှ ထွက်လာပြီး ကားပေါ်ရောက်သည်အထိ ဘာမှမပြောသော ဘဲကြီးကြောင့် သူ့မှာ ငြိမ်ငြိမ်လေးထိုင်နေမိ၏။ ဘဲကြီးမှာ ဘာအကြောင်းတွေရှိခဲ့လဲ မသိပေမယ့် အခုအချိန်တော့ ဘဲကြီး အဆင်မပြေနေမှာ သေချာသည်။ သူကြားလိုက်ရတဲ့ စကားတွေက ရိုးရိုးတန်းတန်းမှ မဟုတ်ပါပဲ ။ ချမ်းချမ်းသာသာ အေးအေးဆေးဆေးနေနိုင်တဲ့ ဘဲကြီးမှာလည်း မလှပတဲ့ အတိတ်တွေရှိနေခဲ့တာလား။
"ကောင်လေး ကိုယ်အိမ်ပြန်လိုက်ပို့ပေးမယ်"
"အင်း"
အေးစက်စက်အသံနဲ့အတူ ခါးပတ်ပတ်ပါရင်း သူ့အားပြောသည်။ ဆေးလိပ်လဲ သောက်ချင်သည့် ဆန္ဒမရှိတော့သော ဘဲကြီးရဲ့ ခပ်ထွေထွေပုံစံကြောင့် သူလည်းအင်းလိုက်ရ၏။ သူ့စိတ်အတိုင်းဆို အိမ်မပြန်ချင်သေးဘူးဖြစ်ပေမယ့် အခုအခြေအနေအရ အထွဋ်တက်လို့လည်း မဖြစ်သလို ဘဲကြီးအိမ်လိုက်သွားလို့လည်းမဖြစ်ပါ။ ဘဲကြီးတစ်ယောက်တည်းနေချင်လိမ့်မည်ဟု သူထင်နေမိ၏။
ကားလေးက ထုံးစံအတိုင်း မောင်းနှင်လာသည်။ သူ့အား ပထမဆုံး အိမ်လိုက်ပို့ဖူးတာဖြစ်ပေမယ့် ဘဲကြီးက သူ့အိမ်ကို ကောင်းကောင်းကြီးသိနေ၏။ ဘယ်လိုသိတာလဲတော့ မေးမနေတော့ပါချေ။ ဘဲကြီးဆီမှာ သူ့ကို အံသြစေနိုင်လောက်သည့် အကြောင်းအရာတွေများစွာရှိနေတတ်၏။
ထိုနေ့က တစ်စုံတစ်ယောက်စိတ်ကွက်သွားမှာစိုး၍ ကောင်လေးဟာ ကားထဲမှာ သူဖွင့်နေကြ သီချင်းလေးတောင် မဖွင့်ခဲ့ပါချေ။
မျှဝေခံစားပေးလို့ မရတဲ့ ဒဏ်ရာတွေအတွက် သူက အတတ်နိုင်ဆုံး အလိုက်သိနေပေးသင့်သည်ဟု သူထင်မိ၏။ဘဲကြီးရဲ့ ခပ်မှိုင်းမှိုင်းဖြစ်နေသော အခုပုံစံကို သူမနှစ်သက်။ကားက သူ့အိမ်ရှေ့မရောက်ခင် မျက်စောင်းထိုးလေးမှာရပ်သည်။ နောက်ကျနေပြီမို့ ခပ်လှမ်းလှမ်းရှိ ဆိုင်သိမ်းနေပါသော အမေ့ကိုသူမြင်နေရသည်။ စတိုးဆိုင်ဖြစ်ပေမယ့် တံခါးဝမှာ ချိတ်ရောင်းပါသော ပစ္စည်းများအား အထဲသွင်းရသည်။ ဆိုင်ပိတ်သည်က တံခါးပိတ်လိုက်ရုံနှင့် မရပါချေ။
YOU ARE READING
I'm in love with criminal { completed }