24 💙I'm in love with criminal💙
✨Part-24✨ခမ်းနားထည်၀ါလှတဲ့ အိမ်ကြီးတစ်ခုရဲ့ ဧည့်ခန်းမှာ ယောက်ျားလေးနှစ်ယောက် ရှိနေကြတယ်။ဆိုဖာပေါ်ထိုင်နေတဲ့ အသက်သုံးဆယ်အရွယ် ယောက်ျားရယ်၊ ပြီးတော့ သူ့ပေါင်ပေါ်ခေါင်းဦးအိပ်နေတဲ့ အသက်၂၀ကျော် ကောင်လေးတစ်ယောက်ရယ်။ တိတ်ဆိတ်နေပြီး နှစ်ယောက်တည်းသာဆိုပေမယ့် သူတို့က ပျင်းရိနေတဲ့ ပုံစံမျိုးမဟုတ်ဘူး ။ ကြည်နူးပျော်ရွှင်နေတဲ့ပုံစံမျိုး။
"ကောာင်လေး ...ကိုယ့်ကို နားလည်ပေးလို့ ကိုယ်တကယ်ကျေးဇူးတင်တယ်"
NINEပြောပါရင်း သူ့ပေါင်ပေါ်ခေါင်းအုံးထားတဲ့ ကောင်လေးရဲ့ ခေါင်းလုံးလုံးမှ မရှိပါသည့် ဆံပင်တွေကိုပွတ်သပ်နေလိုက်တယ်။ ကျန်လက်တစ်ဖက်က ကောင်လေးရဲ့ မျက်နှာအား ဖွဖွပွတ်သတ်ရင်း မြတ်မြတ်နိုးနိုးကြည့်မိ၏။ ကောင်လေးရဲ့ ဘယ်အစိတ်အပိုင်းမဆို သူသိပ်သဘောကျသည်။
"ကောင်လေး ..ကိုယ့်ကိုမကြောက်ဘူးလား။ ကိုယ်ကကောင်လေးရှေ့မှာ လူတစ်ယောက်ကို သတ်လိုက်တာလေ "
သူမေးလိုက်တော့ ကောင်လေးက သူ့မျက်၀န်းတွေကို သေချာကြည့်လာသည်။ဒီတောက်ပနေတဲ့ မျက်၀န်းလေးတွေအား သူသိပ်မြတ်နိုးရပါသည်။
"အင်း..ပထမတော့ ကျွန်တော် အတော်ကြောက်သွားတာ ။ ဒါပေမယ့် နောက်တစ်ရက်လောက်နေတော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ် "
"ဟုတ်လား.."
"အင်း..အဲ့ဒါကြောင့်မို့လို့လေ ကျွန်တော်တွေးနေတာက ကျွန်တော်လည်း ဘဲကြီးလို စွန့်စားရတာ ကြိုက်တဲ့လူမျိုးလာလို့ ။ "(ဥပဒေနဲ့ငြိစွန်းတဲ့အလုပ်တွေ ၊ သေနတ်ကိုင်ပြီးလုပ်ရတဲ့အလုပ်တွေကို လုပ်ရတာကြိုက်တဲ့သူမျိုးတွေကို ပြောတာပါ)
အေးအေးဆေးဆေးပြောလာသည့် ကောင်လေးရဲ့စကားဟာ သူ့ကိုအနည်းငယ်ထိတ်လန့်သွားစေသည်။ ဘယ်လိုအတွေးနဲ့ပြောလိုက်မှန်းမသိပေမယ့် ကောင်လေးရဲ့မှားယွင်းနေတဲ့ အမြင်တွေက သူ့ကြောင့်ဖြစ်ပေါ်လာလေသည်လား။ သူ့လိုတဲ့..သူ့လိုက ကောင်းတယ်လို့ ကောင်လေးထင်နေတာလား။
YOU ARE READING
I'm in love with criminal { completed }