37 💙I'm in love with criminal💙
✨Part-37 // Final✨"ကောင်းလွန်းလေးရေ..ကောင်းလွန်းလေးရေလို့..."
သျှမ်းခေါ်နေသည်အား တစ်ချက်လေးမှပင်လှည့်မကြည့်ပါဘဲ ရှေ့သာဆက်လျှောက်နေသော ကောင်းလွန်းကြောင့် သျှမ်းစိတ်ညစ်လာရသည်။ တစ်လမ်းလုံး သူ့ကို ဥပေက္ခာပြုကာ ရှေ့ကနေသာ အမြန်လျှောက်နေပါပြီး ဘယ်ကိုသွားနေလို့ သွားနေမှန်းမသိ။
"ကောင်းလွန်း ကိုယ်တောင်းပန်ပါတယ်နော်။ ကောင်းလွန်းဘာလို့ စိတ်ဆိုးနေတာလဲ ကိုယ်တကယ်မသိဘူး။ ပိုင်မြတ်တို့ကို ဒီတိုင်းထားခဲ့ရတာ အားနာစရာကြီး"
"အားနာရင် အဲ့အချစ်ဦးဆီပဲ ပြန်သွားလိုက်လေ ။ ငါ့ဆီမလာနဲ့ "
ဘေးနားကနေ တတွတ်တွတ်ပြောနေပါရင်း ပထမဆုံး ကောင်းလွန်းပြန်ပြောသည့် အရာဟာ ဒီဟာပါပဲ ။ ကောင်းလွန်းအသံဟာ ဒေါသတွေပါနေမှန်းသူသိသည်။ အမြဲတမ်းအေးအေးဆေးဆေးသာနေတတ်ပြီး တစ်ခါမှ စိတ်မဆိုးတတ်သည့် သူ့ရဲ့ချစ်ရသူက ဒီနေ့တော့ ဘာဖြစ်လဲမသိ ။
"ကိုယ်ကဘာလို့ အချစ်ဦးဆီးပြန်သွားရမှာလဲကွာ ။ ကိုယ်က ကောင်းလွန်းကိုပဲချစ်တာလေ ။ အခုဘာလို့စိတ်ဆိုးနေရတာလဲ "
ကောင်းလွန်း သျှမ်းအားတကယ်ပင်လက်လံသွားရ၏။ အခုအချိန်ဟာ သူဘာကိုစိတ်ဆိုးနေသည်လဲ ပြောပြရမည်အချိန်လား။ ဘာ့ကြောင့်ထထွက်လာရလဲ အဲ့မှာရှိတဲ့ လူတိုင်းအရှင်းကြီးသိနေတဲ့ဟာကို သူကဘယ်အရာကို ရှင်းပြရပါဦးမည်လဲ ။ ကိုပိုင်ပြောတာတကယ်မှန်သည်။ သျှမ်းဟာ လုံး၀ကို သောက်အလိုက်ကမ်းဆိုးမသိဘူး။
တစ်ခြားနေရာတွေမှာ ထက်မြတ်ပါပြီး ဒီလိုနေရာမှ ဘာလာဖြစ်နေရတာပါလဲ ။
သျှမ်းကောင်းလွန်းလက်အား ဆွဲလိုက်၏။ အတင်းဖယ်ချနေသည့် ချစ်ရသူကြောင့် လမ်းသွားလမ်းလာတွေဟာ သူတို့နှစ်ယောက်အား ကြည့်နေကြသည်။ မသိရင် လူရမ်းကားကြီးက မိန်းမချောလေးတစ်ယောက်ကို လိုက်နှောက်ယှက်နေတာကြနေတာပဲ ။
ဘတ်စ်ကား မှတ်တိုင်ရောက်သည်နှင့် တွေ့ရာကားပေါ် အတင်းလိုက်တက်သွားသည့် ကောင်းလွန်းကြောင့် သူ့မှာ အမှီလိုက်တက်သေး၏။ဘတ်စ်ကားက လူကကြပ်ကြပ်နဲ့ သူ့ချစ်ရသူလေးကို လူတွေတွန်းပစ်ရင် ဘယ်လိုလုပ်ပါမည်လဲ ။ ချစ်ရလွန်း၍ အစစအရာရာမှာ စိတ်ပူရပါသည်။
YOU ARE READING
I'm in love with criminal { completed }