Happy Birthday ကိုယ့်ခွေးပေါက်လေး

7.7K 386 11
                                    

Happybirthday ပါ ကိုယ့်ရဲ့ခွေးပေါက်လေးရေ ။ ‌ဒီနေ့မွေးနေ့မှ နောက်နေ့ရက်တစ်ရက်ချင်းဆီတိုင်းပျော်ရွှင်မှုတွေနဲ့ပြည့်စုံပြီး ကိုယ်ရဲ့အချစ်တွေနဲ့ လုံခြုံစေရမယ်လို့ ကိုယ်ကတိပြုပါတယ် ။ ကောင်းမွန်တဲ့အရာတွေနဲ့ပဲ တွေ့ဆုံရပြီး ပျော်ရွှင်စရာတွေကိုပဲ ကိုယ့်ကောင်လေးခံစားရပါစေ။

ကိုယ့်ကိုယ်လည်းအရင်ကထက်ပို ကိုက်နိုင်ပါစေ။ ချစ်နိုင်ပါစေ။ ကိုယ့်ဘ၀ရဲ့ချစ်ခြင်းမေတ္တာမှန်သမျှ မွေးနေ့လက်ဆောင်အဖြစ် ဒီခွေးပေါက်လေးကို ပေးအပ်ပါတယ်။ ကိုယ်ပေးတဲ့ကားလေးကိုတော့မငြင်းပါနဲ့နော်။ ကောင်လေးဆိုင်ကယ်ကြိုက်တာ,သိပေမယ့် ဆိုင်ကယ်ကို တရကြမ်းမောင်းတဲ့အခါတိုင်း ဒီလူသားရဲ့ရင်မှာ မတည်ငြိမ်နိုင်တော့ဘူးရယ်။

ကောင်းခြင်းဆိုးခြင်းတွေမှန်သမျှ နားလည်ပေးခဲ့လို့ ကျေးဇူးတင်သလို ပိုင်မြတ်မိုးထွန်းဆိုတဲ့ ကောင်ငယ်လေး မွေးဖွားလာကတည်းက အခု21နှစ်ပြည်တဲ့အထိ ကောင်းစွာကြီးပြင်းလာခဲ့လို့ အထူးကျေးဇူးတင်ရပါတယ်။ မြတ်နိုးတယ်။ သဘောကျတယ်။ ချစ်တယ် ။ ကောင်လေးအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်း ဒီထပ်ပိုကောင်းတဲ့ စကားလုံးတွေရှိရင်ကိုယ်ပြောပြချင်ပါသေးတယ်။

မွေ့နေ့လက်ဆောင်ကတော့ အခုကိုယ်ပေးတဲ့ ကားအပြင် ကောင်လေးလိုချင်တာရှိရင် ထပ်တောင်း ။ ကိုယ်ကိုယ်တိုင်ဆွဲပေးထား‌တဲ့ ကောင်လေးရဲ့ပုံတူပန်းချီကိုလည်းကြိုက်မယ်ထင်ပါတယ်။ bd wishတင်ပေးတာနောက်ကျလို့ စိတ်ဆိုးနေမယ်ဆိုတာသိပါတယ်။ကိုယ့်ကလေးလေးအတွက် မွေးနေ့အမှီ ကိုယ်တိုင်ကိတ်ဖုတ်ပေးနိုင်အောင် ကြိုးစားခဲ့တာမို့ ကိုယ့်ခွေးပေါက်လေး စိတ်မဆိုးတော့ဖို့မျှော်လင့်ပါတယ်။မွေးနေ့မှာ မွေ့နေ့ရှင်က ပျော်ရွှင်နေရမှာမှတ်လား။ ကိုယ့်ကလေးလေးက လူချစ်လူခင်များတာမို့ 12နာရီထိုးတာနဲ့ wishလုပ်လိုက်ရင် ကိုယ့်စာလေးတစ်ခြားသူတွေနဲ့ရောသွားမှာစိုးလို့ ဒီအချိန်မှ ရွေးလိုက်တာလည်းပါပါတယ်။

ကိုယ်ဖုတ်ပေးတဲ့ကိတ်ကိုစားပြီး ကိုယ့်ကိုစိတ်မဆိုးပါနဲ့တော့နော်။ ကိုယ့်ရဲ့ဒီတစ်နေ့တစ်နေ့လုံးသာ ကောင်လေးအတွက် အလုပ်တွေအကုန်ဖျက်ပစ်ထားတာမို့ ကိုယ့်ရဲ့ခွေးပေါက်လေး သဘောကျတယ်မှတ်လား။

You've reached the end of published parts.

⏰ Last updated: Apr 14, 2022 ⏰

Add this story to your Library to get notified about new parts!

I'm in love with criminal { completed }Where stories live. Discover now