Part-14

18.6K 1.8K 55
                                    

14 💙I'm in love with criminal💙
          ✨Part-14✨

ပိုင်မြတ်တစ်ယောက် ဘတ်စ်ကားမှတ်တိုင်သို့ ကျောပိုးအိတ်အား ဘေးတစ်စောင်းလွယ်ထားပါရင်း လမ်းလျှောက်လာတယ်။ နေ့လည်ခင်းရဲ့နေအပူချိန်က မျက်နှာကိုတဲ့တဲ့ လာရိုက်ခတ်သည်မို့ မျက်မှောင်ကြုတ်မိလိုက်၏။ ပူပြင်းစွာ တောက်ပနေသော နေလုံးကြီးအား ခဏရပ်ကာ မော့ကြည့်လိုက်သည်။ဒီနေ့နေရောင်ဟာ အတော်ပြင်းပါ၏။

သတ်မှတ်ထားသည့် ခုံနေရာမှာထိုင်ရင်း ကားလာမည်ကို ထိုင်စောင့်လိုက်သည်။ အတန်းစောဆင်းသည့်နေ့ဖြစ်တာကြောင့် သူစိတ်ပြေလက်ပျောက်ကားလိုက်စီးရန်ဆုံးဖြတ်လိုက်၏။ သူဒီလိုမစီးဖြစ်တော့တာအတော်ကြာနေပြီဖြစ်သည်။ အတိအကျပြောရရင် ဘဲကြီးနဲ့စတွေ့ကတည်းက မဟုတ်ပါလား။

နေ့လည်ခင်း အတန်းပြီးမည်ကို ဘဲကြီးသိပါသည်။ သို့ပေမယ့် ဒီနေ့ ဒီအချိန်မှာ အရေးကြီးတဲ့အစည်းအ​ေ၀းရှိသည်တဲ့။ ဒီတစ်နေ့တော့ တစ်ယောက်တည်းပြန်ရန်ပြောသည်မို့ သူလည်းခေါင်းညိမ့်လိုက်သည်။ ဘဲကြီးလို အလုပ်များတဲ့သူတစ်ယောက်က သူ့ကိုဒီလောက်ထိအချိန်ပေးနေတာပဲ တော်တော်များနေပြီပြောရမည်။

သူလည်း ဘာမှမကူညီပေးနိုင်တာမို့ သူ့ကြောင့်တော့ ဘဲကြီးကို အနှောက်အယှက်မဖြစ်စေချင်ပါ။

ကားကလာသေးပုံမရှိတာကြောင့် လွယ်ထားသည့် ကျောပိုးအိတ်အပြာထဲမှ ဖုန်းနှင့်နားကြပ်ကို ထုတ်လိုက်သည်။ ခပ်အေးအေးသီချင်းတစ်ပုဒ်လောက် နားထောင်ရန်ရည်ရွယ်၏။ သို့ပေမယ့် ကံကြမ္မာက သူ့အား သီချင်းအေးအေးဆေးဆေးနားထောင်ခိုင်းရန် အစီအစဥ်ရှိပုံမပေါ်ပါချေ။

ပိုင်မြတ် သီချင်းရွေးကာ ဖုန်းကို အာရုံစိုက်ကြည့်နေတုန်း နားထဲသို့ စူးစူးစိုက်စိုက်၀င်လာသည့် အသံသဲ့သဲ့ကြောင့် သူမျက်မှောင်ကြုတ်သွားရ၏။
သူတို့ဘာ့သာပြောနေသည့် ပုံစံမျိုးမဟုတ်ပါဘဲ သူမကြားကြားအောင် တမင်စောင်းပြောနေတဲ့ ပုံစံမျိုး။

"အဲ့ကောင်လေ။ စပွန်ဆာဘဲကြီးတစ်ပွေနဲ့ ငြိနေတာ"

"ဒီနေ့ ဟိုလူကြီး မလာကြိုဘူးနေမှာပေါ့။ ဒီလိုကောင်တွေက ဒီလိုဖြစ်မယ် ငါသိပြီးသားပါ။ သူအမေကလည်း ပိုက်ဆံအတွက်ပဲ ယောက်ျားဆုံးတာတောင်မကြာသေးဘူး ရေလျှံတဲ့ ဘဲတစ်ပွေကို ​ကောက်ယူလိုက်တာတဲ့။ အခု အဲ့ကောင်သုံးနေတံပိုက်ဆံတွေကလည်း ဘယ်လိုလုပ်ပြီးရလာလဲမှမသိတာ"

I'm in love with criminal { completed }Where stories live. Discover now