Part-32

15.8K 1.3K 10
                                    

32 💙I'm in love with criminal💙
       ✨Part-32✨

"ရပြီ ရပြီ စားတော့မယ် "

မီးဖိုးချောင်မှ ထွက်လာသည့် ကောင်လေးဟာ ၀တ်ထားသည့်အေပရွန်အပြာလေးနှင့်လိုက်ဖက်နေသည်။ လက်ထဲက အငွေ့တထောင်းထောင်းထနေသည့် ခေါက်ဆွဲပန်းကန်အား စားပွဲပေါ်ချ၏။ ပြီးမှ ကြမ်းပြင်ပေါ် ထိုင်ချပါသည်။

NINE အလုပ်စားပွဲမှာ ထိုင်နေရင်း ကောင်လေးဆီ ထသွားလိုက်၏။ ကောင်လေးဘေးနား၀င်ထိုင်လိုက်ပါရင်း ဇွန်းတစ်ချောင်း တူတစ်စုံပါသည့် ခေါက်ဆွဲပန်းကန်အားတွေ့လိုက်ရသည်မို့ မျက်မှောင်ကြုတ်မိသွားသည်။ သူ့အတွက်ကကော..

"ကောင်လေး ကိုယ့်အတွက်တူကော "

"ဘဲကြီးကိုကျွန်တော် စိတ်ဆိုးနေတာလေ ။ အဲ့ဒါဘဲကြီးအတွက်ပြုတ်ပေးစရာလား ။ စားချင်ရင် ကိုယ့်ဘာကိုယ်သွားပြုတ် "

နားမလည်စွာ သူ့အမေးအား ကောင်လေးက စူပုပ်ပုပ်ဖြင့် မျက်စောင်းထိုးကာ ပြန်ဖြေသည်။ သူ့မှာကြောင်သွားရ၏။

"ကောင်လေး ခုနကပဲ ကိုယ့်အတွက်ပါပြုတ်ပေးမယ်လို့ပြောတာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ ။ အဲ့တုန်းက စိတ်ဆိုးနေတာမေ့သွားလို့ "

ပူလောင်နေသည့်ခေါက်ဆွဲအား တဖူးဖူးမှုတ်ကာ ပြန်ဖြေနေသော ကောင်လေး ။ သူ့မှာကြားလိုက်ရသည့်စကားကြောင့် ရယ်ရခက် ၊ ငိုရခက်။

မနေ့က သူ့ကို စိတ်ဆိုးပြီးအိမ်ပြန်သွားသည်မို့ ဒီနေ့မလာလောက်တော့ဘူးထင်ခဲ့ပေမယ့် ကောင်လေးဟာ မနက်အ​စောကြီးသူ့အိမ်ရောက်ချလာသည်။ သူ့အား စကားတစ်ခွန်းမှမပြောပါဘဲ တီဗီသာကြည့်ကာ အသံတိတ်ဆန္ဒပြနေပါ၏။

NINEမှာလည်း ကောင်လေးကို ချော့ချင်ပေမယ့် မအားလပ်နိုင်အောင် များပြားလှတဲ့အလုပ်တွေကြောင့် ပြီးမှပင် ချော့မည်ဟု သူတွေးထားလိုက်သည်။ ဒီအတောအတွင်း ကောင်လေးဖြစ်သွားတဲ့ ကိစ္စတွေကြောင့်ရော သူဖြေရှင်းနေရတာ ။ သူ့အလုပ်တွေဘက် ဒီနေ့မှ အာရုံပြန်စိုက်နိုင်၏။

အလုပ်လုပ်နေပါရင်း မနက်၁၁နာရီ ထမင်းစားချိန်လောက်ရောက်တော့ ကောင်လေးက သူ့အား ခေါက်ဆွဲစားမလား ၊ သူပြုတ်ပေးမယ်ဟုဆိုသည်။ သူလည်း ပထမတော့ ကြောင်သွားပေမယ့် ပြီးမှ စိတ်ဆိုးပြေသွားသည်လားဟု သတ်မှတ်ကာ လက်ခံလိုက်သည်။ဦးနှောက်ကို တအားအသုံးပြုထားရတာမို့ ဗိုက်ကလည်း ဆာနေတာကြောင့်ရောပေါ့။

I'm in love with criminal { completed }Where stories live. Discover now