စတော်ဘယ်ရီ နှစ်ထပ်ကိတ်၏အပေါ်တွင် ခရင်မ် ဖြူဖြူအစက်လေးနောက်ဆုံးအစက်ကိုချပြီးနောက် ရှေးရေးထင် ပြုံးလိုက်မိသည်။ပါးစပ်မှလဲ
"အား...နောက်ဆုံးတော့ပြီးသွားပြီပဲ...ခါးတွေတောင်ညောင်းတယ်..."
ခါးလေးကိုကော့ရင်း လက်သီးဆုပ်လေးဖြင့်နောက်ကျောကိုထုကာထုကာပြောနေသော သူမကိုကြည့်၍ သူမဆိုင်မှ ဝန်ထမ်းမလေးတစ်ယောက်က ပြုံးကာ
"Menuအသစ်လုပ်လို့ပြီးသွားတာလား မမရေး...."
"အင်း...ပြီးသွားပြီ...စတော်ဘယ်ရီအရသာကိုမှ ဒိန်ချဥ်နှစ်လေးရယ် ပြီးတော့...စတော်ဘယ်ရီတွေအများကြီး Toppingသုံးထားတယ်...လာ မြည်းကြည့်ကြ ကောင်မလေးတို့..."
ထိုအခါ သူမ ဆိုင်မှ ဝန်ထမ်းမလေး ၅ယောက်သည် ကိတ်ကိုမြည်းစမ်းကြည့်ကြလေသည်။
ဝန်ထမ်းမလေး ၁ ; "wow...ကောင်းလိုက်တာ...ဝါးလိုက်တိုင်း အနှစ်လေးတွေက လျှာပေါ်စိမ့်နေတာပဲ..."
ဝန်ထမ်းမလေး ၂ ; "ရှယ်ပဲ မမရေးရေ...ဒီmenuအသစ်ကတော့ နာမည်ကြီးဦးမှာပဲ..."
ဝန်ထမ်းမလေး ၃ ; "မမရေးရဲ့လက်က ရွှေလက်များလားပဲ...."
ချီးမွန်းစကားတွေကိုနားထောင်ရင်း ရှေးရေးထင် ပြုံးမိသည်။ရှေးရေးထင် သည် Dora Cake ဆိုင်ကလေး၏ပိုင်ရှင်ဖြစ်ကာ အချိုပွဲနှင့်အစားအစောက်ပြင်ဆင်ချက်ပြုတ်ရာတွင်ကျွမ်းကျင်သူလဲဖြစ်သည်။သူမ၏လက်ရာက ကောင်းလှတာမို့ A မြို့တွင် သူမ၏ဆိုင်လေးသည် နာမည်အသင့်အတင့်ရှိလေသည်။
မိဘမဲ့ဖြစ်သောသူမသည် သူမနည်းတူ မိဘမဲ့ကလေးများအတွက် ဂေဟာဆောက်ပေးကာ လစဥ် ထောက်ပံ့ပေးလေသည်။စိတ်ရင်းကောင်းသော်လဲ စိတ်တိုလွယ်တာ ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်သောအကျင့်ကြောင့် အနည်းငယ်တော့ လူမုန်းများလေသည်။
ညနေလဲစောင်းပြီဖြစ်သလို ဆိုင်ပိတ်ချိန်လဲနီးပြီဖြစ်၍
"ကဲ...မမ သွားပြီ...ဆိုင်ကိုမင်းတို့ပဲသွားလိုက်တော့ အာ...ဒါနဲ့ သီရိရေ...ညီမလေးရဲ့စာအုပ်ကို မမကိုအိမ်အထိငှားလိုက်ပါနော် မမဖတ်တာ ဇာတ်သိမ်းထိမရောက်သေးဘူး ရောက်ဖို့၁ပိုင်းပဲလိုတော့လို့...."
ESTÁS LEYENDO
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasíaစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...