Ch 37

3.9K 230 17
                                    

[ဒီအပိုင်းရေးရင်း မင်္ဂလာဆောင်ချင်တယ်]

Kနိုင်ငံ၏ အထပ်မြင့်ဆုံးအဆောက်အဦးကြီး၏အပေါ်ဆုံးအလွှာရှိ မှန်များသာအလုံကာရံထားသော ခန်းမကျယ်ကြီးထဲတွင် ခရမ်းရောင်ကိုသာ Themeယူထားပုံရသော ပွဲလေးတစ်ပွဲကျင်းပနေသည်။

အချိန်ကားညနေ နေဝင်ရီတရောမို့ မြို့ပြ၏အလင်းရောင်အချို့ကို မှန်ချပ်များကိုဖြတ်၍မြင်နေရသော်လဲ မည်သူကမျှ ထိုမြင်ကွင်းကိုကြည့်ရန်စိတ်မဝင်စားကြပေ။ခရမ်းနုရောင်စားပွဲခင်းအစသည် နူးညံ့နေပြီး အကောင်းစားမှန်းသိသာလှသည်။ဖန်ခွက်တို့ကလဲ တောက်ပြောင်နေပြီး စားပွဲအလယ်ရှိ ခရမ်းနုရောင်နှင်းဆီပန်းတို့ကိုထည့်ထားသည့် ဖန်ကလပ်မှာလဲ အထက်တန်းလွှာခံစားချက်မျိုးပေးစွမ်းလျက်ရှိသည်။

ယခုကျင်းပနေသောပွဲကား မည်သည့်ပွဲဖြစ်သနည်းဟု မေးကြပါလျှင် ခမ်းမထဲရှိနာမည်ကြီးအနုပညာရှင်များနှင့်အထက်တန်းလွှာစီးပွားရေးသမားများပြန်ဖြေကြမည်က "စီးပွားရေးလောက၏ ခြင်္သေ့နှင့် သူ၏အချစ်ဦး၏မင်္ဂလာပွဲ" ဟူ၍သာ။ဟုတ်ပါသည်။ဤမင်္ဂလာပွဲကား လီဆန်းဝူနှင့်ဟန်မိုဂျွန်းတို့၏ မင်္ဂလာပွဲပင်ဖြစ်လေသည်။Proposeလုပ်ပြီး ၃လအကြာတွင်မှ မင်္ဂလာပွဲကျင်းပရခြင်းမှာ ဟိုဘက်မိဘ၊သည်ဘက်မိဘတို့နှင့် ရင်းနှီးအောင်အချိန်ယူနေကြခြင်းသာမက သားသားနှင့်ဆန်းဝူကိုပါ စိမ်းကားမနေအောင် သားအဖမှန်းသိအောင်ရင်းနှီးစေရန်အချိန်ယူခဲ့ခြင်းကြောင့်တို့ပါဖြစ်သည်။

ထိုအလွှာရှိ သတို့သမီးအတွက်ပြင်ထားသည့်အခန်းထဲတွင်တော့ ယွန်းဟွာတစ်ယောက် သူမ၏သတို့သမီးအရန်ဂါဝန်ခရမ်းနုရောင်လေးကို မကာ ဖုန်းဖြင့် ဓာတ်ပုံတဖျတ်ဖျတ်ရိုက်နေတော့သည်။

ဝတ်စုံက Fit sizeမို့ သူမ၏သွယ်လျသောခါးလေးက ကောက်ကြောင်းပေါ်နေပြီး လှပကာဆွဲဆောင်မှုရှိနေတော့သည်။သူမ၏လက်ထဲတွင်တော့ ဖုန်းကတစ်ဖက်၊ လာဗင်ဒါပန်းနံ့သင်းနေသော ခရမ်းနုရောင်မင်္ဂလာဆောင်ဖိတ်စာလေးက တစ်ဖက်ဖြင့် Selfieဆွဲကာ အဝတ်လဲခန်းထဲတွင် ဂါဝန်ဝတ်နေသော မိုဂျွန်းကိုစောင့်နေလေသည်။

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Où les histoires vivent. Découvrez maintenant