Ch 5 [Mine]

6.5K 513 24
                                    

ကွတ်ကီးဗန်းကို ကုတင်ဘေးရှိစားပွဲပေါ်တင်ကာ ကုတင်ပေါ်က ကလေးပေါက်လေးကို သူမ ပြုံးပြလိုက်သာ်။ကလေးလေးသည် ဖြူဖပ်ဖြူလျော်ဖြစ်နေသော်လဲ မျက်ဝန်းလေးများကကြယ်အစုအတန်းလေးများကိုမြင်နေရသလိုပင်။ရေးလဲအသာပြုံးပြကာ သူမ မိဘမဲ့ဂေဟာမှကလေးများကိုဆက်ဆံနေကြသကဲ့သို့ပင်

"မောင်လေး...ဒီမှာ မမကိုယ်တိုင်ကွတ်ကီးဖုတ်လာတယ် စားလိုက်နော်...မမ နို့လေးလဲပြန်ကျိုထားတာမို့ နို့နွေးနွေးလေးလဲသောက်လိုက်ဉီး..."

သူမ ဘယ်လောက်ပြောပြော ဂျီဟျွန်းသည် သူမအနားကိုကပ်မလာချေ။ထို့ကြောင့် သူမလဲ ပြုံးပြကာ

"ဗိုက်ဆာနေပြီမလား တစ်ခုခုစားလိုက်လေ...မမရှိနေလို့မစားရဲဘူးဆိုရင် မမ အပြင်ထွက်ပေးမယ်နော်...အာ...ဒါနဲ့ ဒီကွတ်ကီးလေးကမြေပဲထောပတ်အပြည့်ဆိုတော့အရသာရှိတယ်သိလား..."

ပြောရင်းဖြင့်သူမသည် ကွတ်ကီးတစ်ခုကိုယူကာ ဂျီဟျွန်းလေးရှေ့မှာတင်ကိုက်စားပြလိုက်သည်။ထိုသို့လုပ်ခြင်းဖြင့် ဂျီဟျွန်းလေးသည်သူမနှင့်ရင်းနှီးမှုရလာနိုင်သည်ဟု စိတ်ထဲမှတွေးထင်မိလေသည်။သူမစိတ်ထင် ဒီမုန့်တွေကိုမစားတာက ကလေးစိတ်ထဲစိုးရိမ်နေ၍များလားပေါ့။

ဂျီဟျွန်းသည် သူ့ရှေ့မှ ကလေးကလားjump suitဝတ်ထားသော အမကြီးကိုကြည့်ကာ

'ဒီအမကြီးကဘာလားဟ...'

သို့သော် ရေးသည် ဂျီဟျွန်းတွေးနေသည်ကိုမသိပဲ

"ဒါဆို စားလိုက်နော် ရေချိုးမယ်ဆိုပြော မမ ချိုးပေးမယ်...လိုတာရှိရင် ဒီမှာ..ဒီကဘဲလ်လေးကိုနှိပ်လိုက်..."

ကုတင်ဘေးရှိစားပွဲခုံအပုလေးပေါ်မှရွှေရောင်ဘဲလ်လေးကိုပြလိုက်ကာ သူမလဲ အခန်းပြင်ထွက်လာလိုက်သည်။အခန်းပြင်ရောက်သော် သူမ၏ခြေလှမ်းတို့သည် သခင်ကြီး၏စာကြည့်ခန်းသို့ ဉီးတည်လိုက်သည်။

စာကြည့်ခန်းထဲဝင်လိုက်သော် ထင်သည့်အတိုင်းပင် သူမ၏ဖခင်က ရှိနေလေသည်။

"ဖေဖေ..."

"ဟင် သမီးငယ်ပါလား...ပြောလေ..ဘာပြောစရာရှိလို့လဲ"

ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]Where stories live. Discover now