Unicode
နောက်တစ်နေ့ ချောက်ချွမ်ရိုက်ကူးရေးပြီးချိန် တည်းခိုနေသည့်ဟိုတယ်ရဲ့
အပေါ်ဆုံးထပ်ကိုတက်ပြီး ညစာစားဖို့
စီစဥ်ထားသည်။ဒီတစ်ခါတော့ ချောက်ချွမ်တစ်ယောက်ထဲမဟုတ်ပဲ staff ပါ လိုက်လာခဲ့သည်။
Staffနှင့်အတူ ချောက်ချွမ်ညစာစားရင်း
ထွေရာလေးပါးပြောဆိုနေမိသည်။" ရိုက်ကွင်းဖက်သွားကြမလား ...
ချန်းယွင်ရှင်းရဲ့ ရိုက်ကူးရေးအချိန်ရှိတယ် "Staffက ချောက်ချွမ်ရဲ့ခံစားချက်တွေကို
သိနေသူမို့ စကားလမ်းကြောင်းလာသည်။" မသွားချင်ပါဘူး ...
သူတို့နဲ့ ခပ်ဝေးဝေးနေချင်တယ် "ချောက်ချွမ်ပြောတော့ Staffက ခေါင်းငြိမ့်ရင်း
" အဲ့တာဆို မြို့ထဲလျှောက်သွားကြမလား ....
မနက်ဖြန် ရိုက်ကူးရေးက နေ့လည်မှ ... "" ဖြစ်ပါ့မလား "
" စိတ်ပူမနေနဲ့ ... အေးဆေး "
ချောက်ချွမ်တစ်ချက်တော့
စဥ်းစားသွားသည်။လူက ပင်ပန်းနေပေမယ့် ဟိုတယ်မှာပဲ
နားနေရင် ရှင်းအကြောင်းတွေးမိပြီးသေချာပေါက် စိတ်ပါပင်ပန်းနေဦးမှာ .....မြို့ထဲလျှောက်သွားလိုက်ရင်တော့
နည်းနည်းဖြစ်ဖြစ်သက်သာကောင်းပါရဲ့ ...." ဘယ်လိုလဲ ... သွားမလား "
" Ok လေ ... သွားကြတာပေါ့ "
Billရှင်းပြီးတော့ Staffနဲ့အတူ
ဟိုတယ်က Taxiငှားကာ
အပြင်ထွက်လာခဲ့ကြသည်။သူတို့နောက်မှာ ကားတစ်စီး
လိုက်လာသည်ကိုတော့ သူတို့မသိကြချေ။ပထမဦးဆုံးလူရှင်းသည့်
မြို့ရဲ့အပြင်ဘက်ကို ထွက်လာကြသည်။လမ်းဘေးသစ်ပင်တန်းတွေနားမှာ
ကားကိုချရပ်ပြီး ၀ယ်လာတဲ့
ဘီယာနဲ့မုန့်အချို့ကို ဖောက်စားကြသည်။" မင်းဘ၀ရဲ့ အချစ်ဦးက ဘယ်သူလဲ
ချောက်ချွမ် "ဘီယာဗူးကို ဖောက်သောက်ရင်းမှ
Staffက မေးလာသည်။
![](https://img.wattpad.com/cover/288273018-288-k252721.jpg)