Unicode
" ကိုယ်ကူပေးမယ် "
အိပ်ယာကနေထဖို့ပြင်နေတဲ့
ချောက်ချွမ်ကို ဇက်ကနဲကောက်ချီပြီး
ရေချိုးခန်းထဲထည့်ပေးကာ
ရေပါတစ်ခါတည်း စပ်ပေးခဲ့လိုက်သည်။" ပြီးရင်လှမ်းခေါ်လိုက် !!
ကိုယ်လာချီမယ် "" မလိုဘူး .... ကျုပ်ခြေတွေလက်တွေ
အကောင်းကြီး "" ခြေလက်ကောင်းတိုင်းလည်း
လမ်းလျှောက်လို့အဆင်မပြေတာ
Baby သိမှာပါ ..... "" ခင်ဗျား !! "
" Sorry ... Sorry ကိုယ်စကားပြော
လောသွားတာ "" ထွက်သွား !! "
မိမိအမှားကြောင့် ကျန်းသခင်ကြီး
ဘာမှပြောမနေတော့ပဲ ခပ်ဆိတ်ဆတ်သာ
အပြင်ထွက်ခဲ့လိုက်သည်။အပြင်ရောက်တော့ ဝန်ထမ်းတွေက
Babyအတွက် နေ့လည်စာကို ပြင်ပေးနေကြသည်။အခုမှ ၁၁နာရီပဲရှိသေးသော်လည်း
Babyက မနက်စာမစားရသေးတာကြောင့်
နေ့လည်စာကို
စောစောပြင်ခိုင်းထားလိုက်ခြင်းဖြစ်သည်။" အတွင်းရေးမှူးက
ခွင့်တစ်ရက်တင်လာပါတယ် သခင်ကြီး "" မရဘူးလို့ပြောလိုက် !! "
" ဟုတ်ကဲ့ပါ သခင်ကြီး "
စီချုံးက အရှက်အကြောက်ကြီးသူမို့
ဟိုကောင်လေးနဲ့ သရေပွဲကျသွားတာကို
သေချာပေါက် ရှက်နေခြင်းဖြစ်သည်။ထို့ကြောင့် ဒီနေ့သူ့ကိုမျက်နှာချင်းဆိုင်ရဲမှာမဟုတ်။
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့
နေရမခက်စေလိုတာကြောင့်
အလုပ်ခန်းထဲကစောင့်နေဖို့
လှမ်းမှာကြားလိုက်ရသည်။" ဘယ်မှာလဲ ကျုပ်အတွက် အဝတ်က "
ချောက်ချွမ်မေးပြီးကာမှ
နှုတ်ခမ်းကို ပြန်ကိုက်လိုက်မိသည်။ဘယ်နှယ့်ကြောင့်များ
ပိုင်စိုးပိုင်နင်းမေးလိုက်မိပါလိမ့် .....နေ့တိုင်းသူထုတ်ပေးတဲ့အဝတ်အစား
ဝတ်နေရလို့ အကျင့်ပါသွားတာများလား ?" Baby ဘာဝတ်မယ်မှန်းမသိလို့
ကိုယ်မထုတ်ထားသေးတာ ....
Baby ဘာဝတ်ချင်လဲ "