Unicodeနေ့လည်ပိုင်းရိုက်ကူးရေးပြီးချိန်တွင်
ရိုက်ကွင်းနှင့် အနည်းငယ်ဝေးသော
တောင်တက်လမ်းဘေးက အပင်ရိပ်မှာ
ထိုင်ကာ ချောက်ချွမ်အနားယူမိသည်။အနည်းငယ်ပူတာကြောင့် လက်ထဲက
ဇာတ်ညွှန်းစာအုပ်ဖြင့် မျက်နှာနားကိုကပ်ကာ
ခပ်မှန်မှန်လေးယပ်ခတ်လိုက်သည်။ရိုက်ကွင်းနေရာက မြို့နဲ့အတော်ဝေးသည့်
တောထဲကရွာလေးတစ်ရွာမှာဖြစ်သောကြောင့် လျှပ်စစ်မီးမရပေ။
ထို့ကြောင့် Airconလည်း မရှိသလို
ပန်ကာလည်းရှိမနေခဲ့။တစ်ခါတစ်လေ တိုက်ခတ်လာတတ်သည့်
တောတောင်ရိပ်၏ အေးမြသော
သဘာ၀လေအေးအေးသာရှိနေခဲ့သည်။ဖုန်းလိုင်းတောင်မမိ၍
ဖုန်းပိတ်ထားရသည့်အဆင့်ပင်။" ပူလို့လား .... "
ချန်ပင်းလျန်ဆိုသည့်မျက်နှာသစ်
အနုပညာရှင် ကောင်မလေးက
ချောက်ချွမ်နားထိုင်ချကာ မေးလာသည်။" အင်း "
ချောက်ချွမ်စိတ်မပါစွာ ပြန်ဖြေလိုက်သည်။
" ရိုက်ကူးရေးအဖွဲ့သားတွေစုပြီး
မုန့်လုပ်စားနေကြတယ် ...
သွားမစားချင်ဘူးလား "" တော်ပြီ ... စိတ်ရှုပ်လို့ "
ချောက်ချွမ်စိတ်မရှည်စွာဖြေလိုက်တော့
ပင်းလျန်က ဘာမှထပ်မမေးတော့ချေ။တိတ်ဆိတ်ခြင်းက နှစ်ဦးကြားကြီးစိုးသွားပြီး
လေတိုက်လို့ သစ်ရွက်ခြောက်လေးတွေ
လွင့်လာသံကို အတိုင်းသားကြားနေရသည်။နှစ်ဦးသားအတွေးကိုယ်စီနဲ့
အကြာကြီးထိုင်နေကြပြီးမှ တချွတ်ချွတ်
ခြေသံတွေကြောင့် အသံကြားရာဆီ
လှည့်ကြည့်လိုက်မိကြသည်။အနက်ရောင်၀တ်စုံနှင့်လူ၇ယောက်က
ကျောမှာ အိတ်တွေသယ်ကာ
လမ်းအတိုင်းတက်လာကြသည်။" ကျန်းလုပ်ငန်းစုကပဲ ....
ဘာလို့များပါလိမ့် ..... "ပင်းလျန်က တစ်ကိုယ်တည်းရေရွတ်သလို
တီးတိုးလေးပြောသည်။" ကျန်းလုပ်ငန်းစု .... ?
တောင်တက်သမားတွေမဟုတ်ဘူးလား ? "ချောက်ချွမ်မေးမိတော့ ပင်းလျန်က
ချောက်ချွမ်နှင့်မျက်နှာချင်းဆိုင်လှည့်လာပြီး