Part (31)

2.1K 162 22
                                    

Unicode

ညနေစောင်းတော့ ချောက်ချွမ်ရေမိုးချိုးပြီး
အောက်ထပ်ကို ဆင်းလာလိုက်သည်။

သူ့ရည်ရွယ်ချက်က ခြံထဲဆင်းပြီး
မက်မုံပန်းပင်တွေနား လေညှင်းခံဖို့ပင်။

သို့ပေမယ့် ဧည့်ခန်းထဲအရောက်မှာ
များပြားလှစွာသောလူတွေနှင့်
စူးစမ်းနေသောအကြည့်တွေကြောင့်
သူ့ခြေလှမ်းတို့ရပ်တန့်ကုန်သည်။

" အိုး ... ကျန်းသခင်ကြီးတို့များ
လက်သွက်လိုက်တာ ...
အလှလေးကို အိမ်ထဲဖွက်ထားတယ်ပေါ့ "

" မဟုတ်ရပါဘူးဗျာ ....
Baby က သိပ်အပြင်မထွက်တတ်လို့ပါ "

" ဟား ... ဟား ... ဟုတ်ရဲ့လားဗျာ
ခြေရှုပ်တတ်တဲ့
မင်းသားလေးကို ရထားတော့လည်း
လုံအောင်ဖွက်ထားရတာ မဟုတ်ဘူးလား "

ကျန်းသခင်ကြီးက ဘာမှမပြော။

ပြုံးရုံသာ တုံ့ပြန်သည်။

ချောက်ချွမ်မှာတော့
ကြားလိုက်ရတဲ့စကားတွေကြောင့်
အားငယ်သလို ကြောက်လာသည်။

ထို့အတူ ဒေါသလည်းထွက်လာမိသည်။

ကြိတ်မှိတ်သည်းခံရင်း
အသက်ကိုပြင်းပြင်းရှူထားရတာကြောင့်
မျက်ဝန်းမှာ မျက်ရည်တွေကအဝိုင်းသား။

" အခြေအနေကြည့်ရတာ
ကောလဟာလတွေက အမှန်ပဲထင်တယ် "

နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက
ဖန်ချန်းမှ ချောက်ချွမ်ကိုကြည့်ရင်း
ခပ်ပြုံးပြုံးဆိုသည်။

" သူဌေးဖန် ... ဘာကိုဆိုလိုတာပါလဲ "

ကျန်းသခင်ကြီးမေးတော့
ဖန်ချန်းက မထီသလိုမဲ့ပြုံးပြုံးလိုက်ရင်း

" စီးပွားရေးလောကရဲ့ ထိပ်တန်းဖြစ်တဲ့လုပ်ငန်းစုတစ်ခုရဲ့ ဥက္ကဋ္ဌဟောင်းက
နာမည်ကြီးမင်းသားတစ်ယောက်ကို
အတင်းအဓမ္မသိမ်းပြီး
အိမ်ထဲပိတ်ထားတယ်ဆိုတာလေ "

ကျန်းသခင်ကြီး နှုတ်ခမ်းတစ်ဖက်
တွန့်ကွေးသွားကာ
မျက်ခုံးပါပင့်လိုက်မိသည်။

မြို့တော်ဝန်ကစလို့ ကာကွယ်ရေးမှူးအထိ
အကြီးပိုင်းအရာရှိတွေနဲ့အတူ
အိမ်ထိရောက်လာတဲ့ ဖန်ချန်းရဲ့
ရည်ရွယ်ချက်ကို သူအစထဲက ရိပ်မိပြီးသား။

 Are You Hurting Dear ? ( Complete )Tempat cerita menjadi hidup. Temukan sekarang