Unicode
အိပ်မရခြင်းတွေကြီးစိုးနေတဲ့ ညတာဟာ
သိပ်ကိုရှည်လျားတယ်။ဘဝက ကြိုးတန်းပေါ်လမ်းလျှောက်နေတဲ့
ဇာတ်ခုံပေါ်က မျောက်ကလေးလိုပဲ။သူတစ်ပါးလုပ်ယူထားတဲ့ လုပ်ဇာတ်တွေမှာ
ကူကယ်ရာမဲ့ ပျော်ဝင်နေရတယ်။တစ်ပါးသူအမြင်မှာလူကြီးလူကောင်းတွေက
ငါ့စိတ်ကို အကြိမ်ကြိမ်သေစေခဲ့သူတွေ .....သနားယောင်ဆောင်ထားတဲ့ မျက်ဝန်းတွေမှာ
လှောင်ရိပ်တွေက ခပ်စွန်းစွန်းရယ် ....သိမ်ငယ်စိတ်ကို အားတင်းမာကြောပစ်ရင်း
အတတ်နိုင်ဆုံး ပြိုလဲမသွားအောင်
ထိန်းချုပ်နေရ .....တကယ်တော့ ငါ့ကမ္ဘာမှာ
ငါကလွဲပြီးဘယ်သူမှရှိမနေခဲ့ဘူးဆိုတာ
အသေအချာ ......ကိုယ့်ကိုယ်ကို အထင်ကြီးပြီး
ဒီလူကတော့ ငါ့ကိုတကယ်ချစ်တာပါလို့
တွေးလိုက်တိုင်း
ရူးလောက်အောင် သွေးပျက်စရာတွေ
ကြုံတော့တာပဲ .....အချိန်ကြာလာတာနဲ့အမျှ
စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဆိုတာ
ငါ့အတွက် ငေးမောစရာသာသာ ....ငါနဲ့မသက်ဆိုင်ဘူး ......
ငါပိုင်ဆိုင်ခွင့်မရှိဘူး ....
ငါငိုချင်တဲ့အခါ မှီချလိုက်ဖို့
ပုခုံးတစ်ဖက်မရှိသလို
မျက်ရည်သုတ်ပေးမယ့်
လက်တစ်စုံလည်း ရှိမနေခဲ့ဘူး .....တွေးကြည့်ရင် သိပ်ကိုအထီးကျန်ရတယ် .....
ငါရချင်ခဲ့တာ ဒီလိုဘဝမျိုးမဟုတ်ပေမယ့်
ဒီလိုဘဝမျိုးကို ငါရခဲ့တယ်.....ဘယ်အရာကို အပြစ်တင်ရမှန်းမသိသလို
ဘာကိုမှတောင့်တခွင့် မရှိတဲ့ဘဝ ....လိုချင်တာတွေပျောက်ဆုံးပြီး
မလိုချင်တာတွေ ရနေတဲ့ ဘဝ .....မဖြစ်နိုင်ဘူးဆိုတာသိပေမယ့်
ဒီဘဝက လွတ်မြောက်နိုင်မယ်ဆိုတဲ့
မျှော်လင့်ချက်သေးသေးလေးတော့
ငါ့ကမ္ဘာမှာ ရှိနေခဲ့သေးတယ် .....*********
" Baby အတွက် "
သူရှေ့ရောက်လာတဲ့
ကားသော့တွေကအတွဲလိုက်။