Unicode
ကျန်းသခင်ကြီးစီစဥ်ပေးသည့်
Coffee House ကို Koreaတွင် ဖွင့်ဖို့
ချောက်ချွမ် ပြောလိုက်သည်။ကျန်းသခင်ကြီးက နေ့မကူးပဲ
စီစဥ်ပေးရှာ၏။နောက်နှစ်ပတ်အကြာတွင် အရာအားလုံး
အဆင်သင့်ဖြစ်ပြီး
သူ Koreaသွားဖို့ ပြင်နေချိန်
ကျန်းသခင်ကြီးက ထဖောက်တော့သည်။" Baby ... ကိုယ်တို့ Koreaမသွားဖြစ်လောက်သေးဘူး "
" ဟင် ... ဘာလို့လဲ "
" ကိုယ့်ခမည်းခမက်က ဖုန်းဆက်လာတယ်...
သားငယ် မြန်မာနိုင်ငံကို ရောက်နေပြီတဲ့ .... အဲ့တာသားငယ်နဲ့ရှင်းလေးရဲ့
မင်္ဂလာကိစ္စအတွက် ကိုယ်တို့မြန်မာနိုင်ငံကို
သွားရမယ် .... "" အော် .... "
ရင်ထဲဆို့နင့်လှိုက်တက်လာပြီး
" အော် "တစ်လုံးသာ
သူအသံပြုနိုင်တော့သည်။ဘယ်တုန်းကမှ မပိုင်ဆိုင်ခဲ့ဖူးပေမယ့်
တကယ်တမ်း လွှတ်ချပစ်လိုက်ဖို့လည်း
သတ္တိရှိမနေဘူး .....နာကျင်ရပေမယ့်
အခုလိုဆုပ်ကိုင်ထားရတာကို
သဘောကျနေခဲ့မိတာ ထင်တယ် .....တမင်မေ့ဖို့လုပ်ယူထားခါမှ
နက်နက်ရှိုင်းရှိုင်းသတိရလာမိပြန်ပြီ ....ဒီလိုနဲ့ ထပ်ငိုမိရင် ဘယ်လိုလုပ်ရပါ့မလဲ ....
" Baby ..... "
" ...... "
ငူငူငိုင်ငိုင်ဖြစ်နေတဲ့ကောင်လေးကို
ကျန်းသခင်ကြီး ထွေးပွေ့လိုက်မိသည်။လက်မောင်းတွေကြားရောက်လာတဲ့
ကောင်လေးက ရုန်းကန်ချင်နေပေမယ့်
မျက်ဝန်းတွေကတော့ အားငယ်ရှာနေလေရဲ့။" ငိုချင်ရင် ငိုချလိုက် Baby .... "
ငိုလိုက်တဲ့ ....
ငိုလို့မရတော့အောင်ထိ
တင်းကြပ်ဆို့နင့်နေတာရော
သူသိပါရဲ့လား ......" ပင်ပန်းနေတယ်မလား .....
ကိုယ့်ရှေ့မှာ Baby ဟန်ဆောင်နေစရာ
မလိုဘူး .....
စိတ်တိုင်းကျ ပြိုလဲလို့ရတယ် ....
ငိုလို့ရတယ် ....
ကိုယ် Babyနားမှာ ရှိနေပေးမယ် "" ဟင့်အင်း .... ခင်ဗျားထွက်သွား "
" Baby .... "
" တကယ်ကူညီချင်တယ်ဆို
ကျေးဇူးပြုပြီး ထွက်သွားပေးပါ ....
တစ်ယောက်ထဲနေပါရစေ "