Part (39)

2.1K 144 6
                                    

Unicode

မနက်မိုးလင်းတော့ ကျန်းသခင်ကြီးကို
ချောက်ချွမ်မတွေ့ရပေ။

မနေ့ကအရမ်းသောက်ထားမိတော့
ခေါင်းက နောက်ကျိနေလေသည်။

အိပ်ယာကနေထရင်း ရေချိုးခန်းထဲဝင်ကာ
ရေချိုးချပစ်လိုက်သည်။

ပြန်ထွက်လာတော့ အိပ်ယာဘေးက
စားပွဲပေါ်မှာ ဖျော်ရည်တစ်ခွက်ကို
တွေ့လိုက်ရသည်။

ယူသောက်လိုက်တော့ ပျားရည်အရသာနဲ့
သံပုရာနံ့သင်းသင်းလေးရနေ၏။

သူသောက်နေတုန်း အပြင်ကနေ
လူတစ်ယောက်ဝင်လာပြီး
သူနဲ့နှစ်လှမ်းအကွာတွင်ရပ်ကာ
ဦးညွတ်ပြီး

" မတက်စာပြင်လိုက်ရတော့မလား
သခင်လေး "

" နေပါစေ .... အောက်ဆင်းခဲ့မယ် "

" ဟုတ်ကဲ့ပါ သခင်လေး "

ထိုလူကပြန်ထွက်သွားသည်နှင့်
သူလည်း မနက်စာစားဖို့
အောက်ထပ်ကိုဆင်းလာခဲ့လိုက်သည်။

" ဟိုလူကြီးရော "

ထမင်းစားခန်းထဲမှာ အဘိုးကြီးကို
မတွေ့တာမို့ နောက်ကအိမ်တော်ထိန်းကို
လှမ်းမေးလိုက်မိသည်။

" သခင်ကြီးက အလုပ်ခန်းထဲမှာပါ "

သူဘာမှဆက်မပြောတော့ပဲ
အလုပ်ခန်းထဲသွားနှောင့်ယှက်ဖို့အတွက်
ထမင်းကိုခပ်မြန်မြန်စားလိုက်သည်။

ပြီးစီးချိန်တွင်တော့ စားပွဲပေါ်က
ပန်းသီးတစ်လုံးကိုက်ကာ
အလုပ်ခန်းနေရာကို မေးမြန်းလိုက်သည်။

" မင်းတို့သခင်ကြီးရဲ့အလုပ်ခန်းဆိုတာ
ဘယ်နားမှာလဲ "

" သခင်လေး ခဏစောင့်ပါ "

အိမ်တော်ထိန်းက သူ့အမေးကို
မဖြေသေးပဲ
နားကြပ်မှတဆင့် လူတစ်ယောက်ကို
သတင်းပို့နေသည်။

ပြီးနောက်မျက်နှာကိုပြုံးလိုက်ရင်း

" ခဏစောင့်ပါနော် သခင်လေး "

ချောက်ချွမ် အလိုမကျစွာ
မျက်မှောင်ကျုံ့ပစ်လိုက်သည်။

" အလုပ်ခန်းလေးမေးတာကို
ဖြေဖို့ အဲ့လောက်ခက်ခဲနေတာလား "

 Are You Hurting Dear ? ( Complete )Where stories live. Discover now