Unicode
" ကျန်းလုပ်ငန်းစုဆိုရင်ရော ? "
" Baby ကိုယ့်လုပ်ငန်းကို
ကျွမ်းကျင်လာတဲ့တစ်နေ့ကျရင်
ကိုယ့်ရှယ်ယာတွေအကုန်ပေးမယ် ..... "ချောက်ချွမ်ရဲ့ခပ်ထေ့ထေ့အမေးကို
ကျန်းသခင်ကြီးက မျက်နှာပျက်မသွားပဲ
ပြန်ဖြေသည်။" ရှယ်ယာလောက်တော့ စိတ်ဝင်စားမနေဘူး "
ချောက်ချွမ် တမင်ကန့်လန့်ပြောလိုက်သည်။
" ကိုယ့်ရှယ်ယာတွေက ကျန်းလုပ်ငန်းစုမှာ
ဒုတိယအများဆုံးအနေနဲ့ရှိတယ် .....
Babyသာ ကိုယ့်ရှယ်ယာတွေကို
လက်လွှဲယူနိုင်တဲ့အထိ ကျွမ်းကျင်လာရင်
ကျန်းလုပ်ငန်းစုက Babyလက်ထဲရောက်ဖို့
သိပ်မဝေးတော့ဘူး "" တော်ပါ .... ခင်ဗျားမပေးချင်တိုင်း
လျှောက်ပြောမနေနဲ့ "" ဒီကမ္ဘာပေါ်မှာ Baby လိုချင်တဲ့
ပစ္စည်းဥစ္စာချမ်းသာကြွယ်ဝမှု၊
ချစ်ခြင်းမေတ္တာတွေကို
ကိုယ်အကုန်ပေးလို့ရတယ် ......
ဒါပေမယ့် Baby လိုချင်နေတဲ့နေရာနဲ့
ထိုက်တန်တဲ့အရည်အချင်းကိုတော့
ကိုယ်ပေးလို့မရနိုင်ဘူး ......
ကိုယ်က လမ်းပြပေးရုံနဲ့ကူညီပေးရုံပဲ
တတ်နိုင်မှာ .....
အဲ့နေရာကိုရောက်ဖို့ Babyကိုယ်တိုင်
သင်ယူလေ့လာရမယ် .....
ကြိုးစားမှရမယ် .......
ကိုယ်တိုင်ထုဆစ်ထားတဲ့ ပန်းပုက
တခြားသူလက်ရာထက်
ပိုကျေနပ်စရာကောင်းတယ် Baby "" ကျနော်က သူများထုဆစ်ထားတဲ့
ပန်းပုကို ပိုသဘောကျတယ်ဆိုရင်ရော ..... "" Baby ဘုရင်တစ်ပါးဖြစ်ချင်ရင်
နည်းဗျူဟာကို ကိုယ်တိုင်ဆွဲတတ်ရမယ်....
ကိုယ်တိုင် စစ်တိုက်တတ်မှရမယ် ......
အဲ့လိုမှမဟုတ်ပဲ
သူများဆောင်းပေးတဲ့ သရဖူကို
အလွယ်တကူလက်ခံလိုက်မယ်ဆိုရင်တော့
သရဖူလေးတာကိုပဲ Babyသိလိမ့်မယ်.....
သရဖူရဲ့အသုံးဝင်ပုံ၊အသုံးရမယ့်နေရာနဲ့
ဆက်ထိန်းသိမ်းရမယ့်နည်းလမ်းတွေကို
Baby နားလည်မှာမဟုတ်ဘူး "" ခင်ဗျားက စီးပွားရေးသမားပီပီ
စကားပြော တော်တော်ကောင်းတာပဲ ..... "" စီးပွားရေးလိုပဲ Babyရဲ့ဘဝကိုလည်း
တဖြေးဖြေးတိုးတက်လာစေချင်တယ် "
![](https://img.wattpad.com/cover/288273018-288-k252721.jpg)