unicode
" ဒီမှာ .... ဒီမှာ !! "
သူခေါ်လိုက်သော်လည်း မဆလာဖျော်သံ၊
ကားသံ၊ စက်သံတို့ကြောင့်
ထိုလူက ကြားဟန်မတူ။လျှန်ချိုး ထိုလူအနားပိုကပ်သွားလိုက်သည်။
ထို့နောက် ပုခုံးကိုပုတ်ဖို့ကြည့်လိုက်တော့
မဲနက်နေတဲ့ အသားအရည်ပေါ်က
ချွေးစက်တွေကြောင့် သူတန့်သွားရသည်။အသားမဲမဲပေါ်က ချွေးစက်တွေက
တဒီးဒီးစီးကျနေသည်မှာ
ရေချိုးထားသည့်အလားပင်။ထို့ကြောင့်နှာခေါင်းကိုရှုံ့ပစ်ရင်း
ပိုက်ဆံအိတ်ဖြင့် ခေါင်းကိုလှမ်းပုတ်လိုက်သည်။ဘုတ် !! ဘုတ်
" ဟ !! "
သံရိုက်နေရင်း ခေါင်းကိုလာထိတဲ့
အရာဝတ္ထုကြောင့် မြတ်သူဟိန်း
အလန့်တကြား ထခုန်လိုက်မိသည်။မတော်လို့ Slabပေါ်က ပျဥ်တွေ၊သစ်တွေများ
ပြုတ်ကျလာသလား ........သို့သော် သူထင်သလိုမဟုတ်မှန်း
နောက်က အသားဖြူဖြူ၊မျက်ပေါက်မှေးမှေး
မျက်မှန်နဲ့လူဝတုတ်ရဲ့ မြှောက်ထားတဲ့
လက်ကြောင့်သိလိုက်ရသည်။ရာရာစစသူ့ခေါင်းကို ပိုက်ဆံအိတ်နဲ့
လာရိုက်တယ်လား .....ဒီလူတော့ .....
" မင် က လာ ပါ ... "
" ဟမ် "
စိတ်တိုတိုနဲ့ မာန်မဲဖို့ပြင်လိုက်ပေမယ့်
မပီမသထွက်လာတဲ့ စကားသံကြောင့်
သူတုံ့ဆိုင်းသွားမိသည်။" အဟမ်း !! "
အရှေ့က မှုန်ကုပ်ကုပ်လူကြောင့်
လျှန်ချိုးချောင်းတစ်ချက်
အရင်ဟန့်လိုက်သည်။ဒီလူက သူ့ရဲ့မျှော်လင့်ချက်ပဲ။
ဒီလူကိုတော့ လုံးဝလွှတ်မပေးပဲ
သေချာပေါက် ကူညီခိုင်းရမယ်။* New World ကုမ္ပဏီကိုသိလား *
" ဟမ် "
* New World Company ... *
" နယူးဝေါ်လ် ? "
တရုတ်စကားထဲ ညှပ်ပါလာတဲ့
အင်္ဂလိပ်စကားလုံးကြောင့်
မြတ်သူဟိန်း သံယောင်လိုက်ပြောမိသည်။
![](https://img.wattpad.com/cover/288273018-288-k252721.jpg)