uni
တစ်ရက်။
ချောက်ချွမ်အိမ်ပေါ်ကဆင်းလာပြီး
ပထမတစ်ရက်တွင်
ဟိုဟိုသည်သည်လျှောက်သွားရင်း
ကျန်းသခင်ကြီးကို မေ့ထားလိုက်သည်။တစ်ရက်ကနေ နှစ်ရက်ကြာတော့
တဖြေးဖြေးသတိရသလိုရှိလာသည်။ကျန်းသခင်ကြီးကတော့
သူ့ကိုသတိရလား၊ မရလား သူမသိ။မရလို့ သူ့ကိုလာမရှာတာလည်း
ဖြစ်ချင်ဖြစ်မှာပေါ့။ထိုသို့တွေးလိုက်မိတော့ နှလုံးသားက
ဆစ်ကနဲဖြစ်သွားရသည်။သို့သော် သူ့စိတ်ကိုသူထပ်ညာရင်း
ကျန်းသခင်ကြီးကို မရ,ရအောင်
မေ့ပစ်ဖို့ကြိုးနေမိသည်။သူ့ရဲ့တစ်ရက်တာဟာ ကျန်းသခင်ကြီးကို
သတိရလိုက် ၊ သတိမရဖို့ကြိုးစားလိုက်နဲ့
ပုံမှန်လည်ပတ်နေလျက်ရှိကာ
အလွမ်းဒဏ်ကို ဖောဖောသီသီ ခံစားနေရသည်။တစ်ပတ်။
တစ်ပတ်တိတိကြာတော့။
သူ့wechat acc ထဲကို ပုံတစ်ပုံရောက်လာသည်။
ပို့လာသူက လျှန်ချိုးပင်။
ချောက်ချွမ် ရင်ထဲတဒိန်းဒိန်းဖြစ်သွားကာ
ပုံကို အမြန်ဝင်ကြည့်မိသည်။ချောက်ချွမ် ရုတ်တရက်အားကနဲတောင်
အော်မိသွားသည်။" အဘိုးကြီး !! သောက်အဖိုးကြီး
ဒါဘာလုပ်နေတာလဲ !! "ဖုန်းကိုကိုင်ပြီး ချောက်ချွမ်တစ်ယောက်
ဆွေ့ဆွေ့ခုန်နေလေသည်။ဖုန်းထဲက ပုံကရိုးရိုးရှင်းရှင်းရယ်သာ။
ကျန်းသခင်ကြီးက အမျိုးသမီးတစ်ယောက်နှင့် တွဲကနေသည့်ပုံ။
ပုံထဲက အမျိုးသမီးက အနီရောင်
ဂါဝန်ရှည်ကို ပေါင်လယ်ကနေခွဲပြီး
သွယ်လျတဲ့ ပေါင်တံတွေကို လှစ်ဟာပြသထားသည်။အင်္ကျီက ကိုယ်ကျပ်မို့ ထိုအမျိုးသမီးတင်တွေက ဝန်းဝိုင်းနေပြီး ထိုရဲ့အထက်
ခါးသွယ်သွယ်တဝိုက်တွင် ဟိုအဖိုးကြီးရဲ့
လက်တွေက နေရာယူထားလေ၏။ချောက်ချွမ် ဖုန်းထဲကနေ ကျန်းသခင်ကြီးရဲ့
မျက်နှာကို ဆွဲကုတ်ကာ၊လက်တွေကိုလည်း
ဆွဲလိမ်ထုရိုက်ပစ်ချင်နေမိသည်။
